ရေစကြို – ၂၀၂၂ အောက်တိုဘာ ၁၄ (မော်ကွန်း)
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဇီးတောကျေးရွာကို အာဏာသိမ်းစစ်တပ်စစ်သားတွေက မနေ့ မွန်းလွဲ ၃:၀၀ နာရီဝန်းကျင်က စတင်မီးရှို့ခဲ့တယ်လို့ ဒေသခံတစ်ဦးက မော်ကွန်းကို ပြောပါတယ်။
ပခုက္ကူ နည်းပညာတက္ကသိုလ်ဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်၊ တပ်သားတွေဟာ ရေစကြိုမြို့နယ်သဲတော၊ကျောက်ထပ်ကျေးရွာကနေတဆင့် ဇီးတောရွာကို ရောက်ရှိမီးရှို့ခဲ့တာလို့ဒေသခံတစ်ဦးကပြောပါတယ်။
” မနေ့က သူတို့စစ်ကြောင်းလာတော့ ဇီးတောနားမရောက်ခင်မှာမိုင်းဆွဲလိုက်တာ၊ဒီဘက်ကအဖွဲ့တွေများတော့ဘယ်အဖွဲ့ကဆွဲတာလည်းဆိုတာတော့မသိရဘူး၊ သူတို့မိုင်းဆွဲခံရပြီးတော့ ဇီးတောကိုမီးရှို့တာ”လို့ ကျေးရွာဒေသခံတစ်ဦးကပြောပါတယ်။
ဇီးတောကျေးရွာက နေအိမ် ၂၆၅လုံးရှိပြီး နေအိမ် ၂၀ ကျော်နဲ့နွားစာတဲတွေမီးရှို့ခံထားရတယ်လို့ ဒေသခံတွေကပြောပါတယ်။
အာဏာသိမ်းစစ်တပ်စစ်ကြောင်းဟာ ဇီးတောရွာကို မီးရှို့ပြီးနောက်ပြန်လည်ထွက်ခွာသွားခဲ့ပြီး ဒေသခံ ရွာသားတွေ တိမ်းရှောင်နေရတယ်လို့ဒေသခံတွေကပြောပါတယ်။
မကွေးတိုင်းဒေသကြီး အတွင်းမှာဖေဖော်ဝါရီလ ၁ရက်နေ့ကနေ သြဂုတ်လ ၂၅ရက်နေ့အထိ အာဏာသိမ်းစစ်တပ်မီးရှို့တာကြောင့် နေအိမ်
၅၄၁၈လုံးမီးလောင်ပျက်စီးခဲ့ရတယ်လို့ Data For Myanmar ကသြဂုတ်လ ၂၆နေ့မှာထုတ်ပြန်ထားပါတယ်။
ပုံစာ – မီးရှို့ခံထားရတဲ့ ဇီးတောကျေးရွာနေအိမ်အချို့။
ဓာတ်ပုံ – Yesagyo Township Info Committe
#Dailynews

