ရန်ကုန်-၂၀၂၁ ဒီဇင်ဘာ ၅ ( မော်ကွန်း )
ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းပေါ် မှာ ချီတက်ကြတဲ့ အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြပွဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ပစ်၊ ကားနဲ့ဝင်တိုက်ကာ အကြမ်းဖက် ဖြိုခွဲတာကြောင့် အနည်းဆုံး သုံးဦးကျဆုံးပြီး အများအပြား ဒဏ်ရာရ၊ အဖမ်းခံရတယ်လို့ လွတ်မြောက်လာသူတချို့က ပြောပါတယ်။
” ဒီမနက်သပိတ်ကို အနောက်က ကားနဲ့ဝင်တိုက်တာ။ သေနတ်နဲ့လည်းပစ်တယ်။ အတုံးအရုန်းလဲကုန်ကြတာ တွေ့ရတယ်။ ကျနော်က ခြေထောက်ဒဏ်ရာရခဲ့ပေမယ့် အခု လုံခြုံတဲ့နေရာ ရောက်ပါပြီ” လို့ ဆန္ဒပြပွဲကို သတင်းသွားယူခဲ့တဲ့ သတင်းထောက်တဦးက ပြောပါတယ်။
သီးခြားအတည်ပြုလို့ မရသေးပေမယ့် MPA သတင်းဌာနက သတင်းထောက်တစ်ဦးအဖမ်းခံခဲ့ရသလို ဆန္ဒပြသူ သုံးဦးကနေ ငါးဦးအထိ ကျဆုံးခဲ့ကာ အများအပြား အဖမ်းခံရတယ်လို့ ပြောက်ကျားသပိတ်ကော်မတီဝင်တချို့က ပြောပါတယ်။
#Dailynews

