ရန်ကုန်-၂၀၂၄ မေ ၁၁ (မော်ကွန်း)
ရန်ကုန်တိုင်းအတွင်းက မြို့နယ်တချို့မှာ ဒီနေ့ နေ့လယ် ၂နာရီဝန်းကျင်ကစပြီး မိုးသည်းထန်စွာရွာလို့ လမ်းမကြီးတချို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပါတယ်။
လေပြင်းတိုက်ပြီး မိုးသည်းထန်စွာရွာတာကြောင့် မြို့တွင်းမှာ ယာဉ်ကြောပိတ်ဆို့မှုတွလည်းဖြစ်နေတယ်လို့ ကန်ကုန်မြို့ခံတစ်ဦးကပြောပါတယ်။
“၂နာရီလောက်ကစရွာတာ၊ မိုးကြီးတယ်။မိုးတွေခြိမ်း၊ မိုးကြိုးတွကောပစ်တာ။ မြေနီကုန်းဆို ဗိုလ်ချုပ်ပန်းခြံကနေ ဒဂုံစင်တာထိရေတွေကြီးနေတာ။ တချို့နေရာတွေဆို ဒူးထိမြုပ်တယ်”လို့ သူကပြောပါတယ်။
ရန်ကုန်မြို့တွင်းက လှည်းတန်း၊ စမ်းချောင်း၊ တာမွေ၊ ဗဟန်း၊ မင်္ဂလာတောင်ညွန့်စတဲ့မြို့နယ်တွေမှာ ကားလမ်းမတွေပေါ် ရေလျှံမှုတွေ လက်ရှိအချိန်ထိ ဖြစ်ပေါ်နေပါတယ်။
ပုံစာ-တာမွေနဲ့ မြေနီကုန်းတစ်ဝိုက်မှာ မိုးသည်းလို့ ရေကြီးရေလျှံမှုဖြစ်နေစဉ်။
ဓာတ်ပုံ-mawkun