ရန်ကုန်- ၂၀၂၃၊ မေ ၁၀ (မော်ကွန်း)
ရန်ကုန်မြို့ရဲ့မြို့နယ်တစ်ချို့မှာဒီနေ့မွန်းလွှဲ ၁၂:၀၀ နာရီကျော်လောက်က နေရာကွက်ကျား မိုးရွာသွန်းခဲ့ပါတယ်။
သင်္ဃန်းကျွန်း၊ သာကေတ၊ တာမွေ၊ လှိုင် နဲ့ မြောက်ဥက္ကလာမြို့နယ်တွေမှာ မိုးခြိမ်းသံတွေကြားရပြီး မိုးရွာသွန်းခဲ့တယ်လို့ အဲဒီမြို့နယ်တွေမှာနေထိုင်သူတွေကပြောပါတယ်။
“အရင်ကမိုးခြိမ်းသံကြားရင်ကြောက်တယ်။ အခုတော့မိုးတွေခြိမ်းပြီး မိုးတွေရွာတော့ထပါခုန်တယ်။ ဒီညတော့အိပ်လို့ကောင်းပြီ။” လို့ လှိုင်မြို့နယ်တွင်နေထိုင်သူတစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလလယ်ကစပြီး ရန်ကုန်မြို့မှာ အပူချိန် ၄၂ ဒီဂရီိထိ မြင့်တက်ခဲ့တဲ့အပြင် လျှပ်စစ်မီးပုံမှန်မရရှိခဲ့တာကြောင့် ပြည်သူလူထုဟာ ပူပြင်းတဲ့နေရောင်အောက်မှာ နေ့စဉ်စားဝတ်နေရေးအတွက်ရုန်းကန်လှုပ်ရှားခဲ့ရတာပါ။
ဧပြီ ၂၆ ရက်က ဆို သာကတေမြို့နယ် မှာ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦး အပူချိန်မြင့်တက်လာရာကနေ ကွယ်လွန်သွားခဲ့တယ်လို့ သာကေတမြို့နယ်လူမှူကူညီရေးအဖွဲ့ကထုတ်ပြန်ခဲ့ပါတယ်။
မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနရဲ့ မနက်ဖြန်နံနက်အတွက်ခန့်မှန်းချက်အရ ရန်ကုန်မြို့မှာနေရာကွက်ကျားမိုးထစ်ချုန်းရွာဖို့ ရာခိုင်နှုန်းအပြည့်ရှိတယ်လို့သိရပါတယ်။
နောက်လာမယ့်နှစ်ရက်အတွင်း ဘင်္ဂလာပင်လယ်အော်မှာ အားအလွန်ကောင်းတဲ့ဆိုင်ကလုန်းမုန်တိုင်းကနေ အားအနည်းငယ်လျော့ကာ လာမယ့် မေလ ၁၄ ရက်မှာ ဘင်္ဂလားဒေ့ရှ်အရှေ့တောင်ပိုင်းနဲ့ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းကမ်းခြေကို ဝင်ရောက်လာနိုင်တယ်လို့ထုတ်ပြန်ထားပါတယ်။
Photo – Mawkun
#Dailynews

