ရန်ကုန် – ၂၀၂၂ ဇွန် ၁၃ (မော်ကွန်း)
ရန်ကုန်မြို့ နေရာအချို့တွင် အာဏာသိမ်းစစ်တပ်နှင့်လက်အောက်ခံအဖွဲ့များက နေအိမ်များသို့ ဧည့်စာရင်း စစ်သည်ဟုဆိုကာ ပြည်သူများကို ဓာတ်ပုံရိုက်မှတ်တမ်းယူနေကြောင်း ပြည်သူများထံက သတင်းရရှိသည်။
ရန်ကုန်မြို့ ဆူးလေတဝိုက် ပန်းဘဲတန်းမြို့နယ်၊ စမ်းချောင်းမြို့နယ်၊ ကမာရွတ်လှည်းတန်းနှင့် တာမွေမြို့နယ်များတွင် လတ်တလော စစ်ဆေးနေကြောင်း ပြည်သူများထံက သိရသည်။
နေရာတချို့တွင် လူငယ်များအား ဖမ်းဆီးရိုက်နှက်ခြင်းများရှိနေပြီး စစ်ဆေးသူများတွင် အာဏာသိမ်းစစ်တပ်နှင့် လက်အောက်ခံရဲ၊ တရားမဝင်ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများပါ အစုံအလင်ပါဝင်သည်ဟု လိုက်လံစုံစမ်းချက်အရ သိရသည်။
ဧည့်စာရင်းစစ်ခြင်းထက် ပြည်သူများ၏ မျက်နှာများကို အဓိကမှတ်တမ်းတင်လိုသည့် ပုံစံမျိုးဖြစ်ကြောင်း စစ်ဆေးခံရသူတချို့ကဆိုသည်။
လိုက်လံစုစည်းထားနိုင်သည့်မြို့နယ်များဖြစ်ပြီး ထပ်တိုး မြို့နယ်များလည်းရှိနိုင်ပါသည်။
#Dailynews

