ရန်ကုန်-၂၀၂၀ မတ် ၂၉ (မော်ကွန်း)
COVID-19 ရောဂါပိုး ထပ်မံ ကူးစက်ခံရသူ နှစ်ဦးကို ရန်ကုန်တိုင်းဒေသကြီးမှာ ထပ်မံတွေ့ရှိရတယ်လို့ ဒီနေ့ည ၁၀ နာရီခွဲ မှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
မင်္ဂလာဒုံမြို့နယ်နဲ့ မင်္ဂလာတောင်ညွှန့်မြို့နယ်က အမျိုးသားနှစ်ဦးမှာ ရောဂါပိုး ထပ်မံတွေ့ရှိခဲ့တာ ဖြစ်ပြီး ယနေ့ညအထိ ရောဂါပိုးကူးစက်ခံထားရသူ ၁၀ ဦးအထိ တွေ့ရှိပြီ ဖြစ်ပါတယ်။
သတင်းအပြည့်အစုံကို ထပ်မံတင်ပြပါ့မယ်။
#Dailynews