ရခိုင်ပြည်နယ ်ပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းရာတွင် အကြံဉာဏ်ပေးနိုင်ရေး ဖွဲ့စည်းခဲ့သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ကို ရခိုင်အမျိုးသားပါတီနှင့် ပါတီအချို့က ကန့်ကွက် နေကြပါသည်။ အဓိက ကန့်ကွက်ရသည့် အချက်များထဲတွင် ပြည်တွင်းရေးကို နိုင်ငံတကာ အရေးဖြစ်ရန် ဆွဲတင်ခြင်း၊ နိုင်ငံခြားသားအား ဦးဆောင်စေခြင်း၊ အချုပ်အခြာ ထိပါးမည်ကို စိုးရိမ်ခြင်း တို့လည်း ပါဝင်ပါသည်။ ထိုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အရေး နှစ်ပေါင်းများစွာလေ့လာနေသည့် ရခိုင်အရေးကျွမ်းကျင်သူ ပြင်သစ်နိုင်ငံသား ဒေါက်တာဂျက်ပီလိုက်ဒါ (Jacques P. Leider) ကို မော်ကွန်းက အီးမေးလ်မှ တစ်ဆင့် ဆက်သွယ်မေးမြန်းထားပါသည်။
မော်ကွန်း။ ။ကိုဖီအာနန် ဦးဆောင်မယ့် ကော်မရှင်သစ်ကို ဘယ်လိုမြင်လဲ။
ဂျက် ပီ လိုက်ဒါ။ ။ရခိုင်ပြည်နယ်မှာ ရှိတဲ့ ရှုပ်ထွေးတဲ့ ပြဿ နာတွေကို ကိုင်တွယ်ဖြေရှင်းမယ့် နည်းလမ်းတွေနဲ့ပတ်သက် လို့ အကြံပေး ကော်မရှင်အဖွဲ့တစ်ခုကို ဥက္ကဌအဖြစ် ဦးဆောင်ဖို့အတွက် နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်နဲ့ ဆက်သွယ်ဖို့ အစပျိုး လုပ်ဆောင်ခဲ့တယ်။ ကိုဖီအာနန်က အကျပ် အတည်း ပဋိပက္ခတွေကို ကူညီဖြေရှင်းတဲ့ ဖောင်ဒေးရှင်းတစ်ခုကို ဦးဆောင်နေတဲ့သူ။ အားပေးထောက်ခံမှု၊ သံခင်းတမံခင်း တွေသုံးပြီး ခေါင်းဆောင်တွေကြားမှာ ပြေလည်မှုရအောင် ဖျန်ဖြေပေးတယ်။ အများလေးစားမှုကို ကြီးကြီးမားမားရထားတဲ့ နာမည်ကျော်ပုဂ္ဂိုလ် တစ်ယောက်ပါ။ ဒီလို စတင်လုပ်ဆောင်တာကို ကြိုဆိုသင့်ပါတယ်။
ဘာကြောင့်လဲဆိုတော့ တိုင်းရင်းသားတွေနဲ့ငြိမ်းချမ်း ရေးဖြစ်စဉ်က နိုင်ငံနဲ့အဝှမ်းမှာ တိုးတက်မှုတွေရလာပြီး ဒီအစိုးက ဦးစားပေးလုပ်မယ့် အစီအစဉ်တွေထဲမှာ ရခိုင်ကို ဘေးဖယ်ထားတာမျိုးဖြစ်လာမယ်ဆိုရင် နိုင်ငံရေးအရ အမျှော်အမြင်နည်းရာရောက် ပါလိမ့် မယ်။ ဒီကော်မရှင်က ထင်းရှား တဲ့ အကြံပေးအဖွဲ့ပါ။ ဒါကြောင့် သူ့ရဲ့အဖွဲ့ဝင်တွေက အချက်အလက်စုဆောင်းတာ၊ အယူ အဆအမျိုးမျိုး ပဋိပက္ခ ဆိုင်ရာအမြင်တွေကိုနားထောင်ပေးပြီး ပဋိပက္ခတွေကို လျှော့ချဖို့ လုပ်ဆောင်ရမှာတွေကိုအစိုးရကို အကြံပေးဖို့ တာဝန်ရှိပါတယ်။ လူ့အဖွဲ့အစည်းတွေကြားမှာ ပြန်လည် ရင်ကြားစေ့နိုင်ဖို့ကို အကောင်းဆုံး လုပ်ဆောင် နိုင်ပါလိမ့်မယ်။
မော်ကွန်း။ ။ကော်မရှင်အသစ်ကို ဘာကြောင့်ဖွဲ့စည်းလိုက်တယ်လို့ထင်ပါသလဲ။ ကော်မရှင်အသစ်ကိုဖွဲ့စည်း လိုက်ခြင်းရဲ့ အားသာချက်၊ အားနည်းချက်တွေကဘာတွေဖြစ်မလဲ။
ဂျက် ပီ လိုက်ဒါ။ ။ ပြဿ နာ တော်တော်များများမှာ လူတွေက သဘောမတူကြဘူး ဆိုတာကို ကျွန်တော်တို့သိပြီးပြီ။ ဒီအချိန်ဟာ အစိုးရရဲ့ထောက်ခံပေးမှုနဲ့အတူ ရခိုင်ပြည်နယ်ကို ကောင်းမွန်တဲ့ အနာဂတ်ဆီရောက်အောင် တွန်းပို့ နိုင်ဖို့အတွက် အောက်ခြေမှာရှိတဲ့လူတွေ သဘောတူ လက်ခံလာအောင ်ဆောင်ရွက်ရမယ့် အချိန်ပါပဲ။ တရားဥပဒေစိုး မိုးမှုရှိရေး၊ လူနေမှုအဆင့်မြင့်မားရေး၊ လူ့အခွင့်အရေးမြှင့်တင်ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် သဘောတူညီချက်တွေ ရှိနှင့်ထားပြီးပြီလို့ ကျွန်တော်ယုံကြည်တယ်။ အဲဒီလိုဆိုတဲ့တိုင်အောင် ရခိုင်မှာရှိတဲ့ လူထုကိုယ်တိုင်က အပြောင်းအလဲ တွေမှာ သူတို့မှာ လုပ်ပိုင်ခွင့်တွေ ရှိလာတယ်လို့ မခံစားရဘူးဆိုရင် ဒါက လုံလောက်တဲ့ အခြေအနေမဟုတ်သေးဘူး။
အပြန်အလှန်ယုံကြည်မှု အားနည်းနေသေးတဲ့ အခုလောလောဆယ ်အခြေအနေမှာ အကြံပေးကော်မရှင်အဖွဲ့က အစိုးရနဲ့ ပိုပြီး ယေဘုယျကျကျ ပြောရရင် ပြည်နယ် အာဏာပိုင်တွေကို ရခိုင်ပြည်နယ်အတွက် ရေရှည်ဗျူဟာ စဉ်းစားနိုင်ဖို့အတွက် ကျယ်ကျယ်ပြန့်ပြန့် အကူအညီပေးနိုင်မှာပါ။ ကျွန်တော် ယူဆတာကတော့ ကော်မရှင်ဟာ အသုံးဝင်ရုံမျှမကဘူး၊ လိုအပ်နေ တယ်လို့လည်း နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ စဉ်းစားထားတယ်။ ရခိုင်ပြည်နယ်ကိစ္စနဲ့ ပတ်သက်လို့ မြန်မာလူထုရဲ့သဘောထားကိုလည်း ဒါက ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်ဖြစ်စေမယ်။ ပိုပြီးကောင်းလာမှာက အကြံပေးကော်မရှင်ရဲ့လုပ်ရပ်က ဒီပဋိပက္ခရဲ့ ရှုပ်ထွေးမှုအပေါ်နိုင်ငံတကာရဲ့အမြင်ကို ပြန်ပြီးပုံစံသစ်ဖော်နိုင်မယ်။ တကယ်တော့ ရခိုင်ပြည်နယ်ရဲ့ပြဿ နာက “ရိုဟင်ဂျာ/ဘင်င်္ဂါလီ”ကိစ္စ၊ ဒါမှမဟုတ် “တရားမဝင်/လှေစီးရွှေပြောင်းသူများ” ပြဿ နာ လောက်တင်မဟုတ်ဘူး။ ဒီပြဿ နာက ခါးခါးသီးသီး ကွဲလွဲနေတဲ့လူ့အဖွဲ့အစည်းတစ်ခုရဲ့ပြဿ နာပဲ။ အဲဒီလူအဖွဲ့အစည်းမှာ လူအသိုင်းအဝိုင်း နှစ်ခုစလုံးက အာဏာရှင်စနစ်ရဲ့ဒဏ်ကို ခက်ခက်ခဲခဲ ဖြတ်သန်းလာခဲ့ကြတာ။ ကိုလိုနီခေတ ်ကတည်းကစလို့ ပြင်ပက စီးပွားရေး၊ နိုင်ငံရေး ဖိအားတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်လာခဲ့ရတာ။ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ လူအုပ်စု မကျေနပ်ချက်တွေက အကြောင်းမသင့်ချင်တော့ လူမှုရေး၊ နိုင်ငံရေးဆက် နွယ်မှုတွေကို အနှောင့်အယှက ်ပေးတော့တာပဲ။
တစ်ဖက်မှာလည်း လှေစီးဒုက္ခသည်တွေလို့ ခေါ်နေကြတဲ့ ရွှေ့ပြောင်းသူတွေနဲ့ ပတ်သက်လို့ အစိုးရဟာ အိမ်နီးချင်းနိုင်ငံ တွေရဲ့ဖိအားအောက်မှာ ရှိနေတယ်။ ဒေသတွင်းမှာ ဒါဟာရှောင်လွှဲလို့ မရဘူး။ အစိုးရက အဖြေတစ်ခုရှာဖို့လိုတယ်။ ရခိုင်ပြည်နယ်ကို နှစ်ပေါင်းရှည်ကြာ ပြည်တွင်းပြဿ နာ တစ်ခုမဖြစ်ရအောင် တားဆီးရင်းနဲ့ နိုင်ငံရဲ့အကျိုးစီးပွားတွေနဲ့ နိုင်ငံတကာ တာဝန်ဝတ္တရားတွေကို ဘယ်လို ညှိနိုင်းမလဲဆိုတာ အဖြေရှာရမယ်။
ဒီရှုပ်ထွေးတ ဲ့အခြေအနေမှာ အကြံပေးကော်မရှင်ရဲ့လုပ်ဆောင်မှုဟာ အပြန်အလှန် ဆက်သွယ်ရေး တိုးတက်တဲ့လမ်း ကြောင်းကိုရောက်သွားနိုင်တယ်။ ရခိုင်ပြည်နယ်ကိစ္စ အကြပ်အတည်းကို ပြောဆိုဖို့အတွက် ပိုပြီးပြည့်စုံကျယ်ပြန့် လာနိုင်တယ်။ ပြီးခဲ့တဲ့ လေးနှစ်တာကာလအတွင်း ဆွေးနွေးပွဲတွေမှာ ပါခဲ့တဲ့ အဖွဲ့တွေအားလုံး ဒီဖြစ်စဉ်ကနေ ရနိုင်တာရှိပါတယ်။ အတိုချုပ်ပြောရရင် ကျွန်တော်မြင်တာ အားနည်းချက် ဆိုတာထက် အားသာချက်တွေကို ပိုမြင်မိတယ်။
မော်ကွန်း။ ။ (အရင်အစိုးရ လက်ထက်တုန်းက ဖွဲ့စည်းခဲ့တဲ့) ရခိုင်ပဋိပက္ခများ စုံစမ်းရေးကော်မရှင်ရဲ့ အဆိုပြုချက်တွေနဲ့ အခုကော်မရှင်သစ်ရဲ့အဆိုပြု ချက်တွေမှာ ဘယ်လ ိုခြားနားချက်တွေ ရှိနိုင်မယ်လို့ မျှော်လင့်လားလဲ။
ဂျက် ပီ လိုက်ဒါ။ ။ မစ္စတာကိုဖီအာနန ်ဦးဆောင်တဲ့ကော်မရှင်အဖွဲ့က အချိန်အခါနဲ့ လုပ်ပိုင်ခွင့်နယ်ပယ်အတွင်းမှာ ရှင်းရှင်းလင်းလင်းဖွင့်ဆိုထားတဲ့ အထူးလုပ်ဆောင်ချက ်မစ်ရှင်တစ်ခုရှိတယ်။ အစိုးရကို ရဲရဲတင်းတင်းအကြံပေးနိုင် ဖို့အတွက် လွတ်လွတ်လပ်လပ ်ရပ်တည်ထားတဲ့ အဖွဲ့ဖြစ်တယ်။ ယှဉ်ပြိုင်နေတဲ့ အဖွဲ့အစည်းတွေအတွက် တွေးဆစရာတွေ ပေးမှာပါ။ ကော်မရှင်မှာ မြန်မာနိုင်ငံသား အများစုပါတယ်။ ဒါက အတွေးအမြင်ပေါင်းစုံကို ထည့်သွင်း စဉ်းစားမယ်ဆိုတာ သေချာတယ်။
ရခိုင်ပြည်နယ် ပဋိပက္ခာများ စုံစမ်းရေးကော်မရှင်က အာဏာပိုင်အဖွဲ့အစည်းက ဦးစားပေးလုပ်ခိုင်းတာကို လုပ်ဆောင်တာပါ။ ကိုဖီအာနန်ရဲ့ကော်မရှင်ကို မီဒီယာစိတ်ဝင်စားမှုက တစ်ခါတစ်ရံမှာ အလွန်များနေနိုင်ပါတယ်။ ဒါပေမယ့် အစိုးရကိုတော့ သူ့လုပ်ဆောင်မှုရလဒ်၊ ကော်မရှင်ရဲ့ လုပ်နိုင်စွမ်းနဲ့ ထိထိရောက်ရောက ်လုပ်ဆောင်နိုင်မှုအပေါ်မှာပဲ အခြေခံအားဖြင့် သုံးသပ် အကဲဖြတ်ကြမှာပါ။ ဒါကြောင့် မီဒီယာအနေနဲ့ ရခိုင်ပြည်နယ်ပဋိပက္ခာများ စုံစမ်းရေးကော်မရှင်ရဲ့ လုပ်နေဆဲလုပ်ငန်းစဉ် တွေပေါ်မှာ အများကြီး အာရုံစူးစိုက်သင့်တယ်။
မော်ကွန်း။ ။ ရခိုင်လူထုက သူတို့အနာဂတ်ကို သူတို့ဆုံးဖြတ်ပိုင်ခွင့်ဆုံးရှုံးသွားမှာကြောက်ပြီး ကော်မရှင်အသစ်ကို ဆန့်ကျင်ကန့်ကွက်ကြတယ်။ အဲဒီအပေါ်မှာ ဘယ်လိုမြင်လဲ။
ဂျက် ပီ လိုက်ဒါ။ ။ ကော်မရှင်က အကြံပေးကော်မရှင်ပါ။ သူက ဆုံးဖြတ်ချက်ချမှတ်မယ့် ကော်မတီမဟုတ်ပါဘူး။ တကယ့် လူလေးစားမှုရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ဖွဲ့ထားတာပါ။ ပြီးတော့ အဖွဲ့ဝင်ထဲမှာ ရခိုင်တွေလည်း ပါတယ်။ ရခိုင်ကလူအားလုံးက ကော်မရှင်သစ်ကို အလိုလိုဆန့်ကျင်နေတယ်လို့တော့ မခံစားမိဘူး။ ဆန့်ကျင်တဲ့တုံ့ပြန်မှုတွေက ရခိုင်တွေရဲ့အမြင်သဘော ထားတွေကို လျစ်လျူ ရှုထားမှာကို စိုးရိမ်တဲ့သူတွေဆီက လာတာပါ။ ဒါကို ကျွန်တော် မအံ့သြပါဘူး။ မွတ်စလင်တွေရဲ့ ထိခိုက်နစ်နာခံစားရတာတွေကို ပြောဆိုတဲ့ဟာက နိုင်ငံတကာအုပ်စုတွေရဲ့ယုံကြည်လက်ခံမှုကိုပိုရပြီး ရခိုင်တွေရဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို ထုတ်ဖော်ပြောဆိုဖို့ ကြိုးပမ်းမှုတွေက သူတို့လောက်ယုံကြည်မှုမရဘူးလို့ အတက်ကြွဆုံးဖြစ်တဲ့ ရခိုင်မျိုးသားရေးစိတ်ရှိသူတွေက ခိုင်ခိုင်မာမာ ရှုမြင်ထားတယ်။
ဒါနဲ့ပတ်သက်လို့ ထင်မြင်ချက ်နှစ်မျိုးပေးနိုင်တယ်။ ပထမအချက်က ဒေသတွင်းနိုင်ငံရေးနဲ့ လူမျိုးစုကွဲလွဲမှုရဲ့ သမိုင်းကြောင်းရှုပ်ထွေးပုံထက် လူ့အခွင့်အရေးဆိုတဲ့ အပြောအဆ ိုအသုံးအနှုန်းကို နိုင်ငံတကာအဆင့်မှာ လူတွေပိုပြီး နားလည်ကြတယ်။ ဒုတိယအချက်က ရခိုင်နိုင်ငံရေးအုပ်စုက ရခိုင်ရဲ့အနာဂတ်ကို အပြုသဘောဆောင်တဲ့ အကောင်းဘက်ကိုဦးတည့်မယ့် ကိုယ်ပိုင်မျှော်မှန်းချက်ကို မဖော်ထုတ်နိုင်သေးဘူး။
ဒါပေမယ့် ၂၀၁၆ခုနှစ်ကာလ ဟာ ၂၀၁၂ မဟုတ်တော့ဘူး။ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေဟာ နိုင်ငံထဲမှာအတွေ့အကြုံတွေရလာပါပြီ။ ရခိုင်ပြည်နယ်ရဲ့ ငြိမ်းချမ်းရေးနဲ့ တိုးတက်ရေးကို ရခိုင်တိုင်းရင်းသားတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီးလုပ်ဆောင်ရမယ်၊ သူတို့စကားက နားထောင်ပေးရမယ် ဆိုတာကို သတိထားမိနေပါပြီ။
အကြံပေးကော်မရှင်အဖွဲ့ကို လက်မခံတာမျိုး ဖြစ်ရတာက ပူပန်ကြောင့်ကြစိတ်ကြောင့်၊ သန္နိဌာန်ချထားတာမရှိတာကြောင့် ဖြစ်ရတာများပါတယ်။ ရခိုင်ခေါင်းဆောင်တွေဟာ သူတို့ဘာသာသီးခြားနေထိုင်တဲ့အနေအထားက ဖောက်ထွက်ပြီး အခွင့်အလမ်းသစ်တွေနဲ့ သူတို့ကိုယ်တိုင်ထိတွေ့ရမယ့်အချိန်ရောက်နေပါပြီ။ ဥပမာ ၁၆ရာစုမှာရှိခဲ့တဲ့ ပညာရှိအမတ်ကြီး မဟာပညာကျော်ရဲ့ လက်တွေ့ကျကျမူဝါဒတွေနဲ့ သံတမန်ပရိယာယ်လိုမျိုး သူတို့ရခိုင်သမိုင်းရဲ့ သင်ခန်းစာတွေကို ပြန်ပြီး အမှတ်ရသင့်တယ်။ အဲဒီကာလကဆိုရင် နှစ်ပေါင်း ၂၀၀တိုင်အောင် ရခိုင်နိုင်ငံငယ်လေးဟာ ဒေသတွင်းမှာ အင်အားကောင်းခဲ့တယ်။ အဲဒါဘာကြောင့်လဲဆိုရင် ဒေသတွင်းမှာရှိတဲ့ နိုင်ငံရေးမဟာမိတ်တွေနဲ့ သဘောတူညီ မှုတွေရနိုင်ခဲ့လို့ပဲ။ နိုင်ငံခြားသားတွေကို စကားပြောဆိုဖို့ ငြင်းပယ်ခဲ့လို့မဟုတ်ဘူး။
ရခိုင်နိုင်ငံရေး လုပ်ဆောင်နေသူတွေရဲ့အရေးအကြီးဆုံးတာဝန်က သူတို့ရခိုင်ပြည်နယ်ရဲ့ အနာဂတ်အပေါ်သူတို့မျှော်မှန်း ချက်ကို ပုံကြမ်းဆွဲကြည့်ဖို့ပဲ။ ပြီးတော့ ဒါကို အလုပ်ဖြစ်စေမယ့် အစီအစဉ်တစ်ခ ုအဖြစ်ပြောင်းလဲပစ်ရမယ်။ ရခိုင်ပြည်နယ်အတွင်းမှာ ခရီးသွားရင်းရလိုက်တဲ့ ကျွန်တော့အမြင်ကတော့ ရခိုင်ပြည်နယ်မှာရှိတဲ့ ရခိုင်လူငယ်တွေ၊ ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ ရခိုင်လူငယ်တွေ၊ အခြားနိုင်ငံတွေမှာ အလုပ်လုပ် ကျောင်းတက်လုပ်နေတဲ့ရခိုင်လူငယ်တွေက သူတို့ရဲ့ခေါင်းဆောင်တွေကို ကောင်းမွန်တဲ့အနာဂတ်တစ်ခုဆီသွားမယ့်လမ်းကို ဖောက်စေချင်တာပဲ။ အများကပြောလေ့ရှိတဲ့ ရခိုင်ရဲ့ရိုးသားမှုနဲ့ အလျှော့မပေးခေါင်းမာတတ်မှုကို အတားအဆီးလို့မသတ်မှတ်ဘဲ သူတို့ရဲ့အကျိုးအတွက် ရင်ဆိုင်မယ့် လက်နက်ကောင်းတွေလို့ပဲ ပြောကြပါစို့ရယ်။
နောက်ဆုံးမှာတော့ Politics is the art of the possible. နိုင်ငံရေးဆိုတာ (ခြောက်ပြစ်ကင်း သဲလဲစင်ဖြစ်မှုက ိုရှာဖွေတာမဟုတ်ဘဲ) လက်တွေ့မှာ လုပ်နိုင် လက်ခံနိုင်တဲ့ အခြေအနေကို လက်ခံထားရတာပဲ။ မဆုတ်မနစ ်ကြိုစားပမ်းစား အားထုတ်ခဲ့ရတဲ့ ဆွေးနွေးပွဲတွေကြောင့်သာ ၂၀၁၁ခုနှစ်ကတည်းက တိုင်းပြည်မှာ တိုးတက်မှုတွေရှိခဲ့တာပါ။ ရခိုင်ပြည်နယ်ရဲ့အရေးကြီးကိစ္စတွေကို ကိုင်တွယ်ရမယ့် နေရာမှာလည်း ထိုနည်းအတိုင်းပါပဲ။ ဒီကိစ္စမှာ လက်မခံငြင်းပယ်တယ ်ဆိုတဲ့နည်းဗျူ ဟာလောက်နဲ့ လုံးဝအလုပ်မဖြစ်ပါဘူး။
မော်ကွန်း။ ။ ကော်မရှင်သစ်အတွက် ဘာအခက်အခဲတွေကြုံတွေ့ရနိုင်လဲ။
ဂျက် ပီ လိုက်ဒါ။ ။၂၀၁၂ကတည်းက ရခိုင်ပြည်နယ်ပြဿ နာကို ပြောဆိုသုံးနှုန်းပုံနှစ်မျိုးနဲ့ ဆွေးနွေးလာခဲ့ကြတယ်။ တစ်ခုက ဒေသခံတွေရဲ့ ပြောဆိုသုံးနှုန်းပုံ။ အဲဒါက မွတ်စလင် လူမှုအသိုက်အဝန်း ကြီးထွားလာတာကြောင့် ရခိုင်ရဲ့ယဉ်ကျေးမှုဆိုင်ရာလုပ်ပိုင်ခွင့်နဲ့ ကိုယ်ပိုင်ဘာသာရေး လက္ခဏာတွေ ငြိမ်းခြောက်ခံနေရပြီလို့ ရခိုင်လူမျိုးတွေက ရှင်းရှင်းလင်းလင်းပြောဆိုခဲ့တယ်။ မကြာသေးခင်နှစ်တွေအတွင်းက သူတို့ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ဘာပြောရေးဆိုခွင့်မှမရှိခဲ့ဘူးလို့ ပြောတယ်။
နောက် ပြောဆိုသုံးနှုန်းပ ုံတစ်ခုက နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေ။ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့၊ လူမှုရေး နိုင်ငံရေးမှာ ဘေးဖယ်ခံထားရတယ်ဆိုတဲ့ မွတ်စလင်တွေရဲ့ နစ်နာမှုတွေကို တုံ့ပြန်ရေးနဲ့ ၂၀၁၂ ပဋိပက္ခတွေရဲ့ လက်သည်တွေကို တရားခွင်ကိုပို့ဆောင်ရေးလုပ်တဲ့နေရာမှာ နိုင်ငံရေးအရ ဦးစားပေးတာတေ ွရှိလာတယ်။ တကယ်တော့ ၁၉၄၈ခုနှစ်ကတည်းက ရခိုင်ပြည်နယ်ရဲ့နိုင်ငံရေးသမိုင်းစဉ်ကို အစိုးရ(တပ်မတော်)ရဲ့သဘောထားကပဲ လွှမ်းမိုးထားတယ်။ အဲဒါက လုံခြုံရေးကအရာအားလုံးထက် အရေးကြီးတယ် လို့သတ်မှတ်ထားတာပဲ။ ပြီးတော့ ဆက်တိုက်ဖိနှိပ်မှုတွေနဲ့ ထိန်းချုပ်ထားတယ်။ နိုင်ငံတော်အစိုးရအတွက် လုံခြုံရေးက တရားဝင် အလေးထားတဲ့ ကိစ္စဖြစ်လာတယ်။ (အကြံပေးကော်မရှင်ကို ပြည်ခိုင်ဖြိုးပါတီက တုံ့ပြန်ခဲ့သလိုမျိုးပေါ့) ဒါပေမယ့် လူတွေကို ထိန်းချုပ်ထားဖို့လောက်ပဲ ဆယ်စုနှစ်ပေါင်းများစွာ ဂရုစိုက်ခဲ့တာကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ယဉ်ကျေးမှုဆိုင်ရာ ဆုံးရှုံးနစ်နာမှုတွေအပေါ် မကျေမချမ်းမှုတွေ သေချာပေါက်ဖြစ်ခဲ့ကြတာ။
အဲဒီလို သဘောထားတွေကို စုစည်းပြီး အကျိုးစီးပွားအမျိုးမျိုးကို ဖော်ပြနိုင်တဲ့၊ နောက်ပြီး အစိုးရရယ်၊ သဘောကွဲလွဲနေတဲ့ ပါတီတွေရယ် အားလုံးလက်ခံသဘောတူနိုင်တဲ့ တူညီတဲ့ဘာသာစကား တစ်ခုကို ဖော်ဆောင်နိုင်ဖို့က အကြံပေးကော်မရှင်အတွက် အကြီးမားဆုံးအခက်အခဲပဲ။ တစ်နည်းပြောရရင် အခက်အခဲကဘာလဲဆိုရင် “အနိုင်ရတဲ့ သူအကုန်သိမ်းပိုက်(winner takes it all)” သွားတာမျိုးမဟုတ်ဘဲ “ပါဝင်သူ အားလုံးအောင်မြင်မှုရ (win-win)” နမူနာနဲ့အစားထိုးဖို့ပါပဲ။
မော်ကွန်း။ ။ ရခိုင်ရေးရာကျွမ်းကျင်သူ တစ်ယောက်အနေနဲ့ ကော်မရှင်အသစ်ကို ဘာအကြံပေးချင်တာရှိလဲ။
ဂျက် ပီ လိုက်ဒါ။ ။ရခိုင်ပြည်နယ်ရဲ့ဘေးကျပ်နံကျပ ်အခြေအနေဟာ နိုင်ငံတကာက ပုဂ္ဂိုလ်တွေ စစ်တွေမြို့ ကိုရောက်လာ တဲ့အခါ မီဒီယာအများစုက ပုံဖော်ကြသလို မကြာခင်က ဖြစ်ပျက်တဲ့ လူမျိုးချင်းမုန်းတီးမှု ကိစ္စလောက်သာမဟုတ်ပါဘူး။ ၂၀၁၂အလွန် ဒုက္ခသည်စခန်းထဲက ဒုက္ခသည် အကျပ်အတည်းကိစ္စမျှ မဟုတ်ပါဘူး။ ရခိုင်ပြည်နယ်ရဲ့ အခုလက်ရှိပြဿ နာတွေရဲ့ပင်မနိုင်ငံရေးပြဿ နာ ဗဟိုချက်က ၁၉၇၄ခုနှစ ်ရခိုင်ပြည်နယ ်မဖြစ်ခင်ကတည်းက ရှိခဲ့တာပါ။
၁၉၄၈မှာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရကတည်းက ပေါ်လာတဲ့ပြဿ နာပါ။ မေးစရာရှိလာတဲ့ မေးခွန်းက ဗုဒ္ဓဘာသာ ရခိုင်တွေဟာ ဘယ်လိုအခြေအနေအောက်မှာ တဖြည်းဖြည်းတိုးပွားလာနေတဲ့ လူသစ်လူဟောင်း မွတ်စလင်တွေနဲ့ ဘယ်လိုအတူ နေမလဲဆိုတာပါ။ ဒါပေမဲ့ ၁၉၆၀ခုနှစ်တွေအထိ အဲဒီပြဿ နာကို ပြည်ထောင်စုအတွင်းမှာ ရခိုင်ရဲ့အခန်းကဏ္ဍဆိုတဲ့ မေးခွန်းက အရိပ်မိုးထားခဲ့ပြန်တယ်။ ပထမဆုံးအနေနဲ့ ရခိုင်အမျိုးသားရေးဝါဒီတွေက သူတို့ရခိုင်တိုင်းရင်းသားတွေ လွှမ်းမိုးနိုင်မယ့် ရခိုင်နိုင်ငံကို တည်ထောင်ရေးအတွက် တိုက်ပွဲဝင်ကြတယ်။ တစ်ချိန်တည်းမှာပဲ ရိုဟင်ဂျာလူမျိုးစု ရှိတယ်လို့ပြောတ မွတ်စလင်အမျိုးသားရေး ဝါဒီတွေကလည်း သူတို့ရဲ့မွတ်စလင်သီးသန့်နယ်မြေတစ်ခု တောင်းဆိုတယ်။ ၁၉၆၁ကနေ ၁၉၆၄ခုနှစ်အထိ မေယု နယ်စပ်တလျှောက် ခဏရှိခဲ့တယ်။ သေချာတာက ပြိုင်ဘက်နိုင်ငံရေး ရည်မှန်းချက်တွေအတွက် ရုန်းကန်လှုပ်ရှားတဲ့ကိစ္စနဲ့ သီးခြားခွဲထွက်ရေးပြဿ နာက အတိတ်က ကိစ္စတွေပါ။ အခုတော့ တော်တော်မေ့ထား လိုက်ကြပြီ။ ဒါပေမဲ့ ဗုဒ္ဓဘာသာတွေနဲ့ မွတ်စလင်တွေ “ရခိုင်”ဆိုတဲ့တစ်အိမ်ထဲမှာ ဘယ်လိုနေနိုင်မလဲ၊ ဘယ်လိုနေချင်ကြတာလဲ။ အတူပူးပေါင်းနေမလား။ ယှဉ်တွဲနေထိုင်မလား။ ဒီမေးခွန်းက ခုထိကြီးထွား အုံ့ဆိုင်းနေတုန်းပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်း၅၀ရဲ့ရခိုင်သမိုင်းကို ရင်းနှီးတဲ့ဘယ်သူမဆို အဲဒီပြဿ နာတွေကို ဆွေးနွေးညှိနှိုင်းဖို့ အခြေအနေတွေဟာ မမျှမတဖြစ်ပြီး ပိုဆိုးလာတယ်ဆိုတာ သဘောတူမှာပါ။
ဒါကြောင့် အခုလောလောဆယ်မှာ အကြံပေးကော်မရှင်အဖွဲ့ဝင်တွေက လူသိရှင်ကြား ဘာတွေပြောပြော အစိုးရရဲ့အနာဂတ်မူဝါဒတွေကို လမ်းပြပေးနိုင်မယ့်အလားအလာရှိတဲ့အကြံဉာဏ်တွေအဖြစ်လောက်ပါပဲလို့ နားလည်ယူဆရမှာမဟုတ်ဘူး။ ပဋိပက္ခဖြစ်နေတဲ့အဖွဲ့တွေကို တိုက်ရိုက်ရည်ရွယ် တောင်းဆိုတာလို့လည်း နားလည် အဓိပ္ပါယ်ကောက်ကြရလိမ့်မယ်။ အဲဒါမြေကြီးလက်ခတ်မလွဲပဲ။ ။
ဒေါက်တာ ဂျက် ပီ လိုက်ဒါ (ရခိုင်အရေး ကျွမ်းကျင်သူ)
ဉာဏ်လင်း မေးမြန်းသည်။
သူရိန်ဝင်းဘာသာပြန်သည်။