ကလေး – ၂၀၂၂ မတ် ၄ (မော်ကွန်း)
ဒီကနေ့ဟာ စစ်ကိုင်းတိုင်း၊ ကလေးမြို့ရဲ့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးမှာ သပိတ်တိုက်ပွဲဆင်နွဲတဲ့ ရက်ပေါင်း ၃၉၀ ပြည့်မြောက်တဲ့နေ့ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ကလေးမြို့မှာ ဖမ်းဆီး၊ နှိပ်စက် အကြမ်းဖက်မှုတွေကို တောက်လျှောက်လုပ်လာပေမယ့်လည်း ပင်မသပိတ်ကတော့ ရပ်နားခြင်းမရှိဘဲ ဆန္ဒထုတ်ဖော်နေဆဲပါ။
အာဏာသိမ်းစစ်တပ်ဟာ စစ်ကိုင်းတိုင်းက ကျေးရွာတွေကို ပစ်မှတ်ထား မီးရှို့ဖျက်ဆီး၊ လူသတ်မှုတွေ ဆက်တိုက်ကျူးလွန်ထားကာ ဒီကနေ့မှာလည်း မြို့နယ်အများစုကို အင်တာနက်ဖြတ်တောက်ထားပြန်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း ( AAPP) ရဲ့ တွက်ချက်မှုတွေအရ အာဏာသိမ်းစစ်တပ် သတ်ဖြတ်ထားတဲ့ ပြည်သူအရေအတွက်ဟာ အနည်းဆုံး ၁၆၀၀ ရှိလာပါပြီ။
ဓါတ်ပုံများ- CJ
#Dailynews

