ရှမ်းမြောက် – ၂၀၂၃ နိုဝင်ဘာ ၃ (မော်ကွန်း)
ဒီကနေ့နံနက်ပိုင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ စခန်းလေးခုကို ဝင်ရောက်တိုက်ခိုက်ကာ သိမ်းပိုက်နိုင်ခဲ့ကြောင်း တအောင်းတပ်မတော်(TNLA) က သတင်းထုတ်ပြန်ပါတယ်။
နမ့်ခမ်းနဲ့မန့်ဝိန်းကြီးကို ဆက်သွယ်ထားတဲ့ ရွှေလီကြိုးတံတားက စစ်တပ်စခန်း၊ မန်တုံမြို့က ရဲစခန်းနဲ့ ပြည်သူ့စစ်စခန်း၊ နောင်ချိုမြို့နယ်က ကွန်ခါစခန်းတွေကို ဒီကနေ့ နံနက်အစောပိုင်းတွေမှာ သွားရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
ရွှေလီကြိုးတံတား စခန်းသိမ်းနေချိန်မှာတော့ အာဏာသိမ်းစစ်တပ်ဘက်က ဂျက်ဖိုက်တာနဲ့သုံးကြိုလာရောက်ပစ်ကူပေးခဲ့ရပြီး စခန်းတွေဆီက လက်နက်နဲ့ ခဲယမ်းတွေ သိမ်းပိုက်ရမိထားတယ်လို့ ပုံတွေနဲ့တကွ ထုတ်ပြန်ပါတယ်။
နောင်ချိုမြို့နယ်၊ ဟိုခိုရွာကိုတော့ တိုက်ပွဲမဖြစ်ဘဲ အာဏာသိမ်းစစ်တပ်ဘက်က ပေါင် ၅၀၀ ဗုံးနဲ့ ညသန်းခေါင် ၁၂း၃၀ လာရောက် ပစ်ချသွားပြီး အရပ်သားနေအိမ်သုံးလုံးပျက်စီးသွားတယ်လို့ ပါရှိပါတယ်။
နမ့်ခမ်းမြို့နယ်က လွယ်အင်ရွာမှာလည်း တိုက်ပွဲမဖြစ်ဘဲ ဒီကနေ့နံနက်ပိုင်းမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင် ကလေးငယ်တစ်ဦး ထိမှန်ပြီး ဘုန်းကြီးကျောင်းလည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ပုံစာ – TNLA က ထုတ်ပြန်ထားသည့် ယနေ့ စခန်းသိမ်းပုံများနှင့် ထိခိုက်ပျက်စီးမှုများ။
ဓါတ်ပုံ -PSLF/ TNLA Info Department

