ဗညားကျော်
ဒီဇင်ဘာ ၅
၂၀၁၉ ခုနှစ်အတွင်း တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား ဖြစ်ပေါ်နေသည့် တိုက်ပွဲများကြောင့် ထိခိုက်ဒဏ်ရာရ ၊ သေဆုံးသူ ကလေးငယ်ပေါင်း ၁၄၃ ဦး ရှိပြီဟု ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF – Myanmar) က ယနေ့တွင် ထုတ်ပြန်လိုက်သည်။
ကလေးများ၏ ဘေးကင်းလုံခြုံမှုနှင့် ၎င်းတို့၏အခွင့်အရေးများသည် မြန်မာနိုင်ငံနှင့် ကလေးများ၏ဘဝများ အပေါ်လွှမ်းမိုး နိုင်သည့် အရွယ်ရောက်သူများအားလုံးက အဓိကထည့်သွင်းစဉ်းစားပေးရန် ယူနီဆက်မြန်မာက တိုက်တွန်းထားသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် လက်နက်ကြီး ကျည်ပေါက်ကွဲသဖြင့် ကလေးငယ် နှစ်ဦးသေဆုံးသွားခြင်းကို ၎င်းတို့အနေဖြင့် ဝမ်းနည်းကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထုတ်ပြန်ချက်တွင် တပ်မတော်နှင့် ရခိုင်၊ ရှမ်း၊ မွန်ပြည်နယ်တို့မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား ဖြစ်ပေါ်နေသည့် တိုက်ပွဲများကြောင့် ပြည်သူပေါင်းများစွာ နေရပ်စွန့်ခွာထွက်ပြေးနေရသည့်အတွက် စိုးရိမ်ပူပန်မိကြောင်း ပါရှိသည်။
#mawkun #magazine #chronicle #dailynews