ဂေထော၊ ဒီဇင်ဘာ ၂၈
မွန်ပြည်သစ်ပါတီ၏ ထုတ်ပြန်ချက်ကို မွန်ဘာသာဖြင့် ထုတ်ပြန်ပြီး အပြည့်အစုံမှာ
မွန်လူငယ်များသို့ ပန်ကြားလွှာ
ဒသမကြိမ်မြောက် မွန်ပြည်သစ်ပါတီ ညီလာခံမှ အားလုံးကိုယ်စား
“ယနေ့ ဒီဇင်ဘာ ၂၈ ရက်နေ့မှာကျရောက်တဲ့ အဠမကြိမ်မြောက် (၈ ကြိမ်မြောက် ) မွန်လူငယ်နေ့ကို ကျိုက်မရောမြို့နယ်၊ ခရုံဂူအနီးက ကွင်းပြင်မှာ ကျင်းပခဲ့ပါတယ်။ ဒေသအသီးသီးမှာ ရှိတဲ့ မွန်လူငယ်တွေ လူမျိုးရဲ့ ဇာတိသွေး၊ ဇာတိမာန်နဲ့ အခမ်းအနားကို ချီတက်လာကြတာဟာ အလွန်ပဲဝမ်းသာအားရမိပါတယ်။
မွန်လူမျိုးတွေရဲ့ ရည်မှန်းထားတဲ့ နိုင်ငံရေးခရီးမှာကိုယ့်ကြမ္မာကို ကိုယ်တိုင်ဖန်တီးဖို့၊
လူငယ်များအနေနဲ့ လက်နက်ကိုင်မွန်နိုင်ငံရေးပါတီတွေမှာ ပါဝင်ပြီး တာဝန်ထမ်းဆောင်ဖို့နဲ့ ဥပဒေဘောင်ကနေ မွန်နိုင်ငံရေးပါတီထဲ တာဝန်ထမ်းဆောင်လာနိုင်ဖို့ မွန်ပြည်သစ်ပါတီရဲ့ အစည်းအဝေးကနေ တိုက်တွန်းနှိုးဆော်ပါတယ်။”
#dailynews