မြောက်ဦး-၂၀၂၄ ဩဂုတ် ၁၀(မော်ကွန်း)
အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်က ရှေးဟောင်းမြို့တော်မြောက်ဦးမြို့ကို စစ်ကောင်စီက ဒီနေ့လယ် ၁၂ နာရီမှာ ဂျက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံခြောက်ဦးသေဆုံးခဲ့ပြီး ခုနစ်ဦး ဒဏ်ရာရရှိတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
မြောက်ဦးမြို့ပေါ်က သမိုင်းဝင်ဘုရားဖြစ်တဲ့ သျှစ်သောင်းဘုရားနဲ့ ကြက်ဈေးရပ်ကွက်ကြားမှာရှိတဲ့ နဝရတ်ဟိုတယ်အနီးကို လာရောက်ဗုံးကြဲခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။
“ဟိုတယ်အရှေ့ကလမ်းပေါ်ကျပြီး လမ်းမှာသွားနေတဲ့ အိန္ဒိယဘီး( ဒေသအခေါ်အဝေါ် တုတ်တုတ်ချေ)နဲ့ အနီးအနားရွာတွေကိုပြေးဆွဲနေတဲ့ခရီးသည်ကားတွေကို လာထိတာပါ။ သေဆုံးသူတွေနဲ့ ဒဏ်ရာရရှိသူတွေက ဘယ်သူဘယ်ဝါဆိုတာ အတည်မပြုနိုင်သေးပါဘူး။မြို့ခံတွေလား၊ နယ်ဘက်တွေက ဈေးလာဝယ်သူတွေလားဆိုတာ စုံစမ်းနေကြတယ်” လို့ အခင်းဖြစ်ရာနေရာအနီးမှာရှိတဲ့ မြောက်ဦးမြို့က တုတ်တုတ်မောင်းသူတစ်ဦးက ပြောပါတယ်။
ဒဏ်ရာရရှိသူတွေကို မြောက်ဦးဆေးရုံကြီးဆီ အရေးပေါ်ပို့ဆောင်ထားတယ်လို့လည်း သူက ဆက်ပြောပါတယ်။
အရပ်သားတွေစုဝေးရာနေရာတွေကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုတွေ တဖန် ပြန်လုပ်လာတဲ့အတွက် မြောက်ဦးမြို့ခံတွေဟာ စိုးရိမ်ပူပန်နေကြတယ်လို့ တချို့ကလည်း ပြောပါတယ်။
” ဆေးရုံပို့သူပို့၊ ရင်ခွဲရုံပို့သူပို့နဲ့ အကုန်လုံးရုန်းရင်းဆန်ခတ်ဖြစ်နေကြပါတယ်။ မထင်မှတ်ဘဲ လာပစ်တာဆိုတော့ အကုန်လုံးကြောက်ကြောက်လန့်လန့် ဖြစ်ကုန်ကြတယ်။အရင်ကဆို လေယာဉ်သံကြားတာနဲ့ ပြေးပုန်းကြတယ်။ အခုက မပစ်တာလည်းကြာတော့ ပစ်မယ်လို့ မထင်ထားဘဲ ပုံမှန် သွားလာကြတာ။ ပြီးတော့ ဒီနေ့က စနေနေ့(ဈေးနေ့) ဆိုတော့ ဈေးသွားဈေးလာတွေနဲ့လူတွေစည်နေတုန်း လာပစ်သွားတာ” လို့ မြောက်ဦးမြို့က နောက်ထပ် ဒေသခံတစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၆ ရက်ကလည်း မြောက်ဦးမြို့နယ်၊အုတ်ဖိုကန်ကျေးရွာထဲကို စစ်ကောင်စီက လာရောက်ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီးငယ်တစ်ဦး ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့ပါတယ်။
Photo – NN
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

