ထက်မြတ်အောင်
ဒီဇင်ဘာ ၂
မြောက်ဦးမြို့မှာ ဒီကနေ့ လက်နက်ကြီးကျည်ကျရောက်မူကြောင့် ဒေသခံအရပ်သား သုံးဦးသေဆုံးကာ ခုနစ်ဦးဒဏ်ရာရရှိသွားတယ်လို့ မြောက်ဦးမြို့ ဂရုဏာလှိုင်းသွေးလှူရှင်များအသင်းက မော်ကွန်းကို ပြောပါတယ်။
“မြောက်ဦးမြို့နဲ့ ခုနှစ်မိုင်လောက်ဝေးတဲ့ နလိပ်ဆိုတဲ့ရွာတစ်ရွာမှာတော့လက်နက်ကြီးကျလို့ဒဏ်ရာရတဲ့လူနာသုံးဦးကို နေ့လည်ပိုင်း၁နာရီ လောက်ကသွားသယ်တယ်။ နောက် ညနေ၄နာရီခွဲလောက်က အလယ်ဈေးရပ်ကွက်မှာ လက်နက်ကြီးထပ်ကျလို့ ခုနှစ်ဦးဒဏ်ရာထပ်ရတယ်။ နှစ်ယောက်ကပွဲချင်းပြီးဆုံးသွားတယ် ကျန်တဲ့၅ယောက်ထဲက ၁ယောက်ကဆေးရုံရောက်မှဆုံးသွားတယ်” လို့ သွေးလှူရှင်အသင်းက တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
ပစ်ခတ်မူနဲ့ပတ်သတ်ပြီးတော့ ဘယ်အဖွဲ့အစည်းက ပစ်တာလည်းဆိုတာကို သီးခြားအတည်မပြုနိုင်သေးပါဘူး။
အလားတူ ဒီဇင်ဘာလ ၁ရက်နေ့ကလည်း လက်နက်ကြီး၊လက်နက်ငယ်ထိမှန်လို့ မြောက်ဦးမြို့နယ်၊ ရှာရှည်ပင်ကျေးရွာမှဒေသခံ ၅ ဦး ဒဏ်ရာရရှိထားပါတယ်။
#mawkun #magazine #chronicle #dailynews #rakhine