မြိုင်၊ သရက်ကန်ကျေးရွာက အာဏာသိမ်းစစ်တပ် လက်လုပ်လက်နက်ကြီးနဲ့ အချက် ၂၀၀ ကျော်ပစ်ခတ်ခံရပြီး သေဆုံးမှုများရှိ

မြိုင်၊ သရက်ကန်ကျေးရွာက အာဏာသိမ်းစစ်တပ် လက်လုပ်လက်နက်ကြီးနဲ့ အချက် ၂၀၀ ကျော်ပစ်ခတ်ခံရပြီး သေဆုံးမှုများရှိ

မြိုင် – ၂၀၂၂ အောက်တိုဘာ ၁၇ (မော်ကွန်း)

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်ကျေးရွာအတွင်းက အာဏာသိမ်းစစ်တပ်၊ စစ်သားတွေကို မနေ့ည ၉:၃၀ ဝန်းကျင်က လက်လုပ်လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သေဆုံးမှုတွေရှိခဲ့တယ်လို့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့ – မြိုင် တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။

အာဏာသိမ်းစစ်တပ်၊ စစ်သားတွေတပ်စွဲထားတဲ့ သရက်ကန်ကျေးရွာကို ၆၀မမ၊ ၈၀မမ၊ ၁၀၀မမ၊ ၁၂၀ မမတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ သူကပြောပါတယ်။

“ကျွန်တော်တို့လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာပါဗျ၊ နေအိမ်တွေပျက်စီးတယ်လို့လည်းသိရပါတယ်၊ ငါးယောက်သေတယ်လို့သိရပါတယ်၊အခြားဒဏ်ရာရသူတွေကိုတော့ ရွာထဲမှာဆေးကုနေတယ်လို့သိရပါတယ်”လို့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့ – မြိုင်က ဗိုလ်မီးပွားကပြောပါတယ်။

အာဏာသိမ်းစစ်တပ်၊ စစ်သားတွေကိုလက်လုပ်လက်နက်ကြီးနဲ့ အချိန်တစ်နာရီကျော်ကြာ အချက်ရေ ၂၀၀ ကျော် အဝေးကနေ လှမ်းပစ်ခတ်ခဲ့တာလို့ ဗိုလ်မီးပွားကပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဘက်က လက်နက်ကြီးနဲ့ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ပြောပါတယ်။
အခုတိုက်ခိုက်မှုကို ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်) နဲ့ မဟာမိတ် အဖွဲ့တွေဖြစ်တဲ့ နံ့သာမြိုင်ပြည့်သူကာကွယ်ရေးတပ်ဖွဲ့(မြိုင်)၊တမာမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မြိုင်)၊ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(တပ်ခွဲ ၁)၊ ဂဠုန်ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့(မြိုင်) တပ်ခွဲ၂၊ ပခုက္ကူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF)၊ Myaing Warriors ၊Southern Mating Young Boys Force (SMYBF)၊ မုန်တိုင်းတပ်ဖွဲ့၊နွေဦးညီနောင်တပ်ဖွဲ့၊ ပြည်သူ့အာမာန်တပ်ဖွဲ့ ၊ အောင်ကြီးအဖွဲ့၊ စင်္ကြာဒေသကာကွယ်ရေးတပ်ဖွဲ့၊ အနောက်လွင်ပြင်ဒေသတပ်ဖွဲ့၊ Myaing Underground Defence Force (MUGDF) ၊ Regional Defence Force(RDF) ဇာမဏီပြောက်ကျားတပ်ဖွဲ့တွေအ​ပြင် Local အင်အားစုတွေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့ က ဒီကနေ့မှာထုတ်ပြန်ထားပါတယ်။


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."