မြိုင် – ၂၀၂၃ ဧပြီ ၂၀ (မော်ကွန်း)
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မန်ကျည်းကန်ရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်ကာ ဝင်ရောက်စီးနင်းပြီးနောက် တိုက်နယ်ဆေးရုံကိုပါ မီးရှိ့ဖျက်ဆီးခဲ့တာကြောင့် ဆေးကုသနေတဲ့လူနာတွေအခက်ခဲဖြစ်နေတယ်လို့ မြိုင် ပ.က.ဖ တာဝန်ရှိသူ ဗိုလ် Cross ကပြောပါတယ်။
“ဆေးရုံကတော့ ပင်မဆောင်တစ်ဆောင်လုံးကိုရှို့သွားတာ၊ ဆေးရုံကဆက်မလည်ပတ်န်ိုင်တော့ လူနာနဲ့လူနာစောင့်တွေကိုတော့ တခြားနယ်ဝေးဘက်တွေကိုလွှဲပြောင်းပေးထားရတယ်”လို့ ဗိုလ် Cross က ပြောပါတယ်။
အာဏာသိမ်းစစ်တပ်က ဆေးရုံပင်မဆောင်ကို မီးရှို့ခဲ့ရာမှာ ဆေးဝါးသုံး စက်ပစ္စည်းနဲ့ ဆေးဝါးတွေပါမီးလောင်ပျက်စီးခဲ့ရပါတယ်။
မန်ကျည်းကန်တိုက်နယ်ဆေးရုံကို ရေစကြို ၊ဆားလင်းကြီး၊ ပုလဲ ၊ပေါက်၊ မြိုင် ၊ ကနီနဲ့အနီးနားကျေးရွာတွေကဒေသခံတွေလာရောက်ဆေးကုသကြပါတယ်။
တိုက်နယ်ဆေးရုံ မီးရှို့ဖျက်ဆီးခံရတာကြောင့် ဆေးကုသဖို့ခက်ခဲနေတဲ့အပြင်အခြားနယ်ဝေးတွေမှာသွားရောက်ကုသဖို့သွားရေးလာရေးခက်ခဲတယ်လို့ပြောပါတယ်။
မြိုင်မြို့နယ်မန်ကျည်းကန်ရွာကို အာဏာသိမ်းစစ်တပ် နှစ်ရက်ဆက်တိုက်လေကြောင်းသုံးပစ်ခတ်မှုကြောင့် နေအိမ်ခေါင်မိုးတွေပျက်စီးခဲ့ပြီး ပြည်သူ သုံးဦး ရှပ်ထိဒဏ်ရာရခဲ့တယ်လို့ ဗိုလ် Cross ကပြောပါတယ်။
ဒါ့အပြင် အသက် ၁၆နှစ်အရွယ် ရှစ်တန်းကျောင်းသားတစ်ဦး ပစ်သတ်ခံခဲ့ရပြီး ပြည်သူ ၃၀ ကျော်ကို စစ်ကြောင်းနဲ့အတူဖမ်းဆီးသွားတယ်လို့ သူကပြောပါတယ်။
ပုံစာ – အာဏာသိမ်းစစ်တပ် တိုက်ခိုက်မှုကြောင့် ပျက်စီးသွားရတဲ့ ဆေးရုံ
ဓါတ်ပုံ – Supplied
#Dailynews

