အောင်ထူးနိုင်
ရန်ကုန် – ၂၀၂၀ ဩဂုတ် ၂၄ (မော်ကွန်း)
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ရှိ မြိုင်ကြီးငူစစ်ဘေးရှောင်စခန်းအတွင်း သံလွင်မြစ်ရေ တက်လာသဖြင့် စစ်ဘေးရှောင်များအား ယင်းစခန်းအတွင်းရှိ ဓမ္မာရုံသို့ ပြောင်းရွေ့ပေးနေကြောင်း အကူအညီပေးနေသူ သူနာပြုဆရာမ နော်နန်းသဇင်က ပြောသည်။
အိမ်ခြေ ၁၅၆ လုံးနှင့် လူဦးရေ ၉၅၈ ဦးရှိ ၎င်းစစ်ရှောင်စခန်းမှ ရေဘေးသင့်သူများကို စက်လှေသုံးစီးဖြင့် ဓမ္မာရုံသို့ ပြောင်းရွေ့ပေးလျက်ရှိပြီး Covid – 19 ရောဂါ မဖြစ်ပွားစေရန်လည်း ကျန်းမာရေးဌာနက တတ်နိုင်သလောက် ကူညီပေးနေသည်ဟု ၎င်းက ပြောသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ မွန်းလွဲ နှစ်နာရီ ထုတ်ပြန်ချက်အရ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ကြာအင်းဆိပ်ကြီးမြို့တွင် ၄ ဒသမ ၉၀ လက်မနှင့် တစ်နိုင်ငံလုံးတွင် အများဆုံးဖြစ်သည်။
မြိုင်ကြီးငူစစ်ဘေးရှောင်စခန်း ရေတက်နေသည်ကို ယနေ့ မွန်းလွဲပိုင်းက တွေ့ရစဉ် ဓာတ်ပုံ – Eh Scel (FB)
#Dailynews