မြင်းခြံ – ၂၀၂၁ ဇူလိုင် ၂၅ (မော်ကွန်း)
မြင်းခြံမြို့ ခေါင်းကွဲရွာက ပျူစောထီးအဖွဲ့ဝင်တစ်ဦးဟာ ဒီကနေ့ သူ့နေအိမ်အတွင်းမှာ ဝင်ရောက်သတ်ဖြတ်ခံရလို့ သေဆုံးသွားကြောင်း ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
သတ်ဖြတ်ခံရသူမှာ ပျူစောထီးအဖွဲ့ဝင် ဦးပေါ်ဦးလို့သိရပြီး ဒီကနေ့ မွန်းလွဲ ၁ နာရီခန့်က သတ်ဖြတ်သွားတာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စုသတင်းပေးနဲ့ ပျူစောထီးတွေကို လိုက်လံရှင်းလင်းနေတဲ့ နှလုံးလှလူမိုက်ကြီးများအဖွဲ့က သူတို့ရဲ့လက်ချက်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
နှလုံးလှလူမိုက်ကြီးများအဖွဲ့ဟာ ဦးပေါ်ဦးအိမ်ကို နှစ်ကြိမ်တိုင်ဝင်ရောက်ခဲ့ရပြီး ပထမအကြိမ် ဝင်ရောက်စဥ်က ဦးပေါ်ဦး ရေချိုးနေလို့ နောက်ထပ်တစ်ကြိမ်သွားရောက်ကာ ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း၊ ဦးပေါ်ဦးအိမ်ဝင်ရောက်စဥ်
အိမ်ထဲမှာ ပျူစောထီး (၇)ယောက်လောက်ရှိနေတဲ့ကြားက ခုနှစ်ချက်ပစ်ကာ သတ်ဖြတ်ခဲ့တာလို့ နှလုံးလှလူမိုက်ကြီးများအဖွဲ့က အသိပေးခဲ့ပါတယ်။
မြင်းခြံမြို့က ပျူစောထီးအဖွဲ့ဝင်တွေဆီမှာ စစ်ကောင်စီကပေးထားတဲ့လက်နက်တွေရှိနေပြီး ရပ်ထဲရွာထဲမှာ ခြိမ်းခြောက်ပစ်ခက်မှုတွေ မကြာခဏ ပြုလုပ်နေတယ်လို့ မြင်းခြံဒေသခံတွေက ပြောပါတယ်။
#Dailynews

