မုံရွာ – ၂၀၂၁ နိုဝင်ဘာ ၂၆ (မော်ကွန်း)
မုံရွာက PDF စခန်းတစ်ခုကို အာဏာသိမ်းစစ်ကောင်စီက ဝင်ရောက် စီးနင်းနေစဥ် မိုင်းဆွဲတိုက်ခိုက်ခံရလို့စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှုတွေရှိကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ နံနက် ၅:၀၀ နာရီခန့်က မုံရွာမြို့နယ်၊ ညောင်ဖြူပင် စခန်းမှ စစ်ကောင်စီတပ်သားတွေဟာ တောတွင်းတစ်နေရာက PDF စခန်းတစ်ခုအားဝင်ရောက်စီးနင်းပြီး မီးရှို့ ဖျက်ဆီးနေတုန်း မုံရွာလျှပ်စီးအဖွဲ့ (Monywa Lightning PDF)က မိုင်းဆွဲ တိုက်ခိုက်ခဲ့တာပါ။
မိုင်းဆွဲခံရလို့ စစ်ကောင်စီတပ်သား လေးယောက် နေရာတွင် ပွဲချင်းပြီးသေဆုံးကာ ကျန်လေးယောက်ဟာ ပြင်းထန်ဒါဏ်ရာတွေ ရရှိသွားကြောင်း မုံရွာလျှပ်စီးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်တွေဟာ မနေ့ညနေပိုင်း ၃:၀၀ နာရီလောက်ကတည်းက တောပုရွာဘက်ကနေ ညောင်ဖြူပင်ရွာဘက်ကို တောလမ်းအတိုင်းအင်အား ငါးဆယ်ခန့်နဲ့ ဆင်းခဲ့ကြောင်း၊ နဂါးတွင်း၊ကျွန်းကြီး၊ဂျိူးစု ရွာများ၏ အနောက်ဘက်ရှိ တောထဲမှ တဲ များကို မီးရှိူ့ဖျက်ဆီးကာ သေနတ်များ ရမ်းကာ ပစ်ခတ်ခဲ့ကြကြောင်း ဒေသခံများက ပြောပါတယ်။
ဒီကနေ့ နံနက် ၉:၃၀ ခန့်ကလည်း နယ်မြေနင်းစစ်ကြောင်းထံ အင်အားဖြည့်လာတဲ့ စစ်ကောင်စီတပ်သုံး လိုက်ထရပ်ကားတစ်စီးကို မုံရွာ-ချောင်းဦး လမ်းပိုင်းတစ်နေရာ၌ မိုင်းခွဲတိုက်ခိုက်ခဲ့ပါတယ်။
မိုင်းခွဲခံးလို့ လိုက်ထရပ်ကား ပျက်စီးသွားခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးသူနဲ့ထိခိုက်ဒဏ်ရာရသူတွေရှိသွားကြောင်း ချောင်းဦး မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ပုံစာ – စီးနင်းမီးရှိူ့ခံရတဲ့ စခန်း
ဓါတ်ပုံ-မုံရွာ_အမြင့်လမ်းသတင်းမှန်ပြန်ကြားရေး
#Dailynews