မုံရွာ-၂၀၂၁ စက်တင်ဘာ ၂၂ (မော်ကွန်း)
စစ်ကိုင်းတိုင်း မုံရွာမြို့မှာ ဒီကနေ့ နံနက် ၁၁နာရီခွဲဝန်းကျင်က အာဏာသိမ်းစစ်ကောင်စီယာဉ်ထိန်းရဲတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ခုလို ပစ်ခတ်ခံရတဲ့ အနီးနားပတ်ဝန်းကျင်မှာ အစစ်အဆေးတင်းကြပ်နေတယ်လို့ ဖြစ်စဉ်အနီးမှာနေထိုင်တဲ့ ဒေသခံတစ်ဦးကပြောပါတယ်။
“အိုးရှင်းနားလည်းမွှေတယ်။ ပြည်ထောင်စုလမ်းထိပ်ကော၊နောက် မီးပွိုင့်နား ဘဏ်လမ်း အဲ့နားလေးလည်း တော်တော်စစ်တယ်။တနေကုန်ပဲ။ လာတဲ့သူအကုန်စစ်နေတာ” လို့ ဒေသခံကပြောပါတယ်။
သေဆုံးသွားတဲ့ ယာဉ်ထိန်းရဲဟာ မုံရွာမြို့ ပြည်ထောင်စုလမ်းနဲ့ မြို့ပတ်လမ်းထောင့်က မီးပွိုင့်အနီးမှာ အသတ်ခံရတာပါ။
အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကိုယ်စားပြု သံမဏိနှင့်အဖွဲ့သားများက သူတို့လက်ချက်ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
#Dailynews

