ယင်းမာပင် − ၂၀၂၃ မေ ၁၄ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မှာ ဒီကနေ့ည ဆည်လက်တံကျိုးလို့ ဒေသခံတွေ ညတွင်းချင်း ပြောင်းရွှေ့နေရပါတယ်။
ယင်းမာပင်က မြောက်ယမားဆည် လက်တံကျိုးပြီး ဆည်အနီးတဝိုက်က ရွာတွေမှာ ရေတွေတက်လာတယ်လို့ ဒေသတော်လှန်ရေးလုပ်ဆောင်နေသူတစ်ဦးကပြောပါတယ်။
“ရေတွေက တက်လာ ခုဆိုပေါင်လယ်လောက်ရှိပြီ၊ ရွာထဲမှာ တချို့ကပြေးလာကြပြီ၊ တချို့ကပစ္စည်းတွေ နှမျောလို့လားမသိဘူး၊ ခုထိရောက်မလာသေးဘူး”လို့ ဘေးလွတ်ရာမှာရှိနေတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။
လတ်တလော ပြောင်းရွှေ့နေရတဲ့ရွာတွေကတော့ ပြန်လှည့်၊ သီးကုန်း၊ လက်ပံတော၊ ရှမ်းရွာ၊ သဲတောကြီး၊ ရွှေပန်းခိုင်၊ ရေကြည်ပင်နဲ့ ကျေးစာကျရွာတွေဖြစ်တယ်လို့ ဒေသခံကပြောပါတယ်။
လတ်တလော ကျေးရွာတွေထဲမှာတော့ နေအိမ်တွေတဝက်မြုပ်ထားပြီးလို့ ဒေသခံကပြောပါတယ်။
ဆည်လက်တံကျိုးတဲ့အခြေအနေမှာ ရေတွေဒီထက်ပို တက်လာနိုင်တယ်လို့ ဒေသခံကခန့်မှန်းပါတယ်။
ဒီကနေ့ မုန်တိုင်းအခြေအနေကတော့ မိုးတွေတနေကုန်ရွာပြီး ညနေပိုင်းလောက်မှာ လေပြင်းတွေစတိုက်လာတယ်လို့ ဒေသခံကပြောပါတယ်။
မုန်တိုင်းဟာ စစ်ကိုင်းတိုင်းကို ဒီကနေ့ညပိုင်းမှာ ဖြတ်သန်းသွားမယ်လို့ မိုးလေဝသ လေ့လာသူတွေက ခန့်မှန်းပါတယ်။
ပုံစာ − ဒီကနေ့ည ဆည်လက်တံကျိုးလို့ ရွှေ့ပြောင်းနေရတဲ့ ယင်းမာပင်ဒေသခံများ
ဓါတ်ပုံ − Mawkun Magazine
#Dailynews

