ရန်ကုန် – ၂၀၂၂ မတ်လ ၂၂ (မော်ကွန်း)
ဘင်္ဂလားပင်လယ်အော်ထဲက မုန်တိုင်းငယ်အရှိန်ကြောင့် ဧရာဝတီတိုင်း လပွတ္တာမြို့နယ် ရဲ့ နေရာတော်တော်များများမှာ ဒီရေတိုးကာ ရေပြည့်ရေလျှံတာတွေဖြစ်ပွါးခဲ့ပါတယ်။
လပွတ္တာခရိုင်ထဲက ကပ္ပလီပင်လယ်အော်နဲ့ နီးတဲ့ ကျေးရွာတွေမှာလည်း လေပြင်းတိုက်ခတ်ပြီး အိမ်တွေထဲထိရေမြှုပ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ကိုင်းသောင်းကျေးရွာက ဒေသခံတစ်ဦးက “ ညီမတို့က ရွာသစ်ဘက်ခြမ်း။ ညီမတို့က ၁ လမ်းမကြီးပေါ့။အခံရဆုံးပဲ။ လမ်းပြီးရင် ပင်လယ်ဘဲရှိတယ်။ ရေကာတာက လည်း ကျိုးနေတာ နှစ်နှစ်လောက်ရှိပြီ။” လို့ ပြောပါတယ်။
အခုလက်ရှိမှာတော့ နေရာတော်တော်များများ ရေပြန်ကျသွားပေမယ့် လေတိုက်နေတုန်းပဲလို့ ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီရဲ့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ကတော့ အားကောင်းတဲ့ မုန်တိုင်းငယ်အဖြစ် နောက် ၂၄ နာရီအတွင်း မြစ်ဝကျွန်းပေါ်ကမ်းရိုးတမ်းတစ်လျှောက် ပုသိမ်မြို့အနီးမှ မြောက်ဘက် ကိုရွေ့လျားကာ ရခိုင်ကမ်းရိုးတန်းတောင်ပိုင်အနီးထိ ရောက်ရှိနိုင်တယ်လို့ထုတ်ပြန်ထားပါတယ်။
#Dailynews

