ကလေးမြို့ – ၂၀၂၂ ဩဂုတ် ၇ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ရာဇဂြိုလ်ရွာကို အာဏာသိမ်းစစ်တပ်တွေ မီးရှို့သွားခဲ့နောက် ပျက်စီးဆုံးရှုံးမှုမြင်ကွင်းတွေဖြစ်ပါတယ်။
ဩဂုတ် ၄ရက်က ရွာထဲကို အာဏာသိမ်းစစ်တပ်၊တပ်သားတွေဟာ လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့အရင်ဆုံးပစ်ခတ်ကာ ဝင်ရောက်ခဲ့ပြီး နောက်တစ်နေ့မှာ မီးရှို့ခဲ့တာလို့ ဒေသခံကပြောပါတယ်။
ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ရွာထဲက အိမ်ကြီးအိမ်ကောင်းတွေမှာရှိတဲ့ အဖိုးတန်ပစ္စည်းတွေကို အာဏာသိမ်းစစ်တပ်က ဖောက်ထွင်းဝင်ရောက်ခိုးယူကာ ၁၂ ဘီးကားနဲ့ သယ်သွားတယ်လို့ ဒေသခံက ပြောပါတယ်။
မီးရှို့မှုကြောင့်ပျက်စီးသွားရတဲ့နေအိမ် ၁၀ လုံးရှိပြီး ပစ္စည်းတွေ ဖောက်ထွင်းခိုးယူခံရတဲ့အိမ်ကတော့ ၁၈ လုံးရှိကြောင်း ဒေသခံကပြောပါတယ်။
Data for Myanmar ရဲ့ ဇွန်လနောက်ဆုံးတွက်ချက်မှုအရ အာဏာသိမ်းစစ်တပ်ဟာ ပြည်သူလူထုရဲ့နေအိမ် အနည်းဆုံး ၁၉၀,၀၀၀ နီးပါးကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း ( AAPP ) ရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းစစ်တပ် သတ်ဖြတ်ကျူးလွန်ထားတဲ့ ပြည်သူဟာလည်း အနည်းဆုံး ၂,၁၅၀ ကျော်ရှိနေပါတယ်။
ဓါတ်ပုံ – CJ
#Dailynews

