မိုးကုတ် – ၂၀၂၁ ဇွန် ၉ (မော်ကွန်း)
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ် ပိန်းပြစ်ကျေးရွာနဲ့ ကင်းရွာရဲကင်းတွေက ရဲနဲ့ မိသားစုဝင်တွေဟာ ပြီးခဲ့တဲ့ရက်အနည်းငယ်က တိမ်းရှောင်သွားတယ်လို့ ဒေသခံတွေဆီက သတင်းရရှိပါတယ်။
ရှမ်းပြည်မြောက်ပိုင်းက မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့ဖြစ်တဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ ရက္ခိုင့်တပ်တော်(AA) နဲ့ ကိုးကန့်တပ် (MNDAA) တို့ ဒီရွာနှစ်ရွာ အနီးတဝိုက်ကို ရောက်ရှိနေပြီလို့ သတင်းတွေထွက်နေတာကြောင့် အခုလို ပြောင်းရွှေ့သွားတာဖြစ်နိုင်ကြောင်း ဒေသခံတစ်ဦးက သုံးသပ်ပါတယ်။
ပိန်းပြစ်ကျေးရွာရဲကင်းက ရဲမိသားစုဝင်တွေအားလုံး မိုးကုတ်မြို့မရဲစခန်းကို ပြောင်းရွှေ့သွားကြပြီး အဲဒီရဲကင်းမှာ စစ်သား အနည်းငယ်သာ ကျန်ခဲ့တယ်လို့် ဒေသခံကပြောပါတယ်။
ကင်းကျေးရွာက ရဲနဲ့မိသားစုဝင်တွေကတော့ ဘယ်ကိုတိမ်းရှောင်သွားတယ်ဆိုတာကိုမသိရသေးဘဲ စခန်းကိုတော့ ဒေသခံတွေကို ကြည့်ထားပေးဖို့ မှာခဲ့တယ်လို့ ဆိုပါတယ်။
ဒီရဲကင်းစခန်း တစ်ခုစီမှာ ရဲအင်အား ဆယ်ယောက်ကျော်နဲ့ သူတို့ရဲ့ မိသားစုဝင်တွေဟာ ဝန်ထမ်းလိုင်းခန်းမှာ နေထိုင်ကြတာပါ။
မိုးကုတ်မြို့မှာ စစ်ကောင်စီလက်အောက်ခံတပ်တွေ အဖမ်းအဆီး၊ အစစ်အဆေးတွေ ဆက်တိုက်ပြုလုပ်နေပြီး ဇွန်လ ၈ရက်နေ့ညကလည်း မြို့မရဲစခန်းနားက ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံး ဘေးမှာ ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ခဲ့ပါတယ်။
ပုံစာ – ပိန်းပြစ်ကျေးရွာ။
#Dailynews

