မိုးကုတ် – ၂၀၂၃ ဖေဖော်ဝါရီ ၁ (မော်ကွန်း)
မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ဒီနေ့ပိတ်ထားတဲ့ဆိုင်တွေကို အာဏာသိမ်းစစ်တပ်ကရဲတွေက သေနတ်ထောက်ပြီးဆိုင်ပြန်ဖွင့်ခိုင်းခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
မိုးကုတ်မြို့အရှေ့ပိုင်းအောင်ချမ်းသာရပ်ကွက်မှာရှိတဲ့အောင်ချမ်းသာစျေးက စျေးဆိုင်တွေဟာ ဒီနေ့မနက်အစောပိုင်းကတည်းပိတ်ထားကြတာကြောင့် အာဏာသိမ်းစစ်တပ်ကရဲတွေက ပြန်ဖွင့်ခိုင်းခဲ့တယ်လို့ ရပ်ကွက်နေဒေသခံတစ်ဦးကပြောပါတယ်။
“ဆိုင်တွေကမနက်ကတည်းကပိတ်ထားတာ၊၁၁:၀၀နာရီလောက်ကရဲတွေ ရောက်လာပြီးအထက်အမိန့်ဆ်ိုပြီးသေနတ်ထောက်ဖွင့်ခိုင်းတာ၊စျေးထဲကဆိုင်တွေကို ဖုန်းဆက်ပြီး ဖွင့်ခိုင်းတာ၊မဖွင့်ရင်တရားစွဲမယ်လို့ပြောသွားသေးတယ်”လို့ ဒေသခံကပြောပါတယ်။
အာဏာသိမ်းစစ်တပ်လက်အောက်ခံရဲတွေ ဆိုင်ပြန်ဖွင့်ခိုင်းပေမယ့် ပုံမှန်လူစည်ကားတဲ့ စျေးကြီးမှာဒီနေ့ညနေအထိတိတ်ဆိတ်နေခဲ့တယ်လို့ ရပ်ကွက်နေဒေသခံတွေဆီကသိရပါတယ်။
မိုးကုတ်မြို့အရှေ့ပိုင်းနဲ့အနောက်ပိုင်းလမ်းမတွေအပြင် ရပ်ကွက်လမ်းတွေမှာပါ တိတ်ဆိတ်နေပြီး အသံတိတ်သပိတ်မှာပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ ဒေသခံတွေဆီသိရပါတယ်။
ပုံစာ – ယနေ့မိုးကုတ်မြို့တစ်နေရာ
ဓာတ်ပုံ – Supplied
#Dailynews

