မသန်စွမ်းနိုင်သေးတဲ့ မြန်မာ့ပညာရေး အပိုင်း (၂)

မသန်စွမ်းနိုင်သေးတဲ့ မြန်မာ့ပညာရေး အပိုင်း (၂)

၂ဝ၁၈ သြဂုတ်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၇) မှ သတင်းဆောင်းပါးဖြစ်ပါသည်။မသန်စွမ်းသူများနဲ့ လူတိုင်း အကျုံးဝင် ပညာရေး

မသန်စွမ်းကလေးတွေ စာသင်ခန်းတွေထဲရောက်လာဖို့ လူတိုင်းအကျုံးဝင်ပညာရေးကို ၂ဝ၁၅ ကစပြီး အစိုးရက အကောင်အထည်ဖော်ခဲ့ပါတယ်။

လူတိုင်းအကျုံးဝင်ပညာရေးဆိုတာကတော့ မသန်စွမ်းသူ တွေအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ယူခွင့် မရရှိသူတွေကို ကျောင်းပညာရေး သို့မဟုတ် ကျောင်းပြင်ပ ပညာရေးတစ်ခုခုမှာ ပညာသင်ယူဆည်းပူးခွင့်ရှိစေဖို့ အခွင့် အလမ်း ဖန်တီးပေးတဲ့ အစီအစဉ်ပါ။

ဒါပေမဲ့ မသန်စွမ်းကလေးတွေဟာ အထူးပညာရေး ကျောင်းတွေမှာသာ တက်ရောက်သင့်တယ်လို့ ပညာရေးဆိုင်ရာ ကျွမ်းကျင်သူ ၇၅ ရာခိုင်နှုန်းက ခိုင်မာစွာ ယူဆနေကြဆဲဖြစ် တယ်လို့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ၂ဝ၁၆ မှာ ထုတ်ပြန်တဲ့ မြန်မာနိုင်ငံ မသန်စွမ်းကလေးသူငယ် များ၏ အခြေအနေ ဆန်းစစ်လေ့လာမှုအစီရင်ခံမှာ ဖော်ပြထား ပါတယ်။

အထူးပညာရေးကျောင်းဆိုတာကတော့ မသန်စွမ်းသူတွေ အတွက် အထူးအစီအစဉ်နဲ့ သင်ကြားပေးနိုင်ဖို့ ကျောင်းတွေ တည်ထောင်ဖွင့်လှစ်ပြီး သင့်လျော်တဲ့ သင်ကြားနည်းစနစ်နဲ့ ပညာသင်ကြားပေးတဲ့ အစီအစဉ်ပါ။

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအရ မသန်စွမ်းသူတွေ ကို ပညာသင်ကြားနိုင်ဖို့ လူမှုဝန်ထမ်းဦးစီးဌာနနဲ့ မသန်စွမ်းလူမှု ရေး အသင်းအဖွဲ့တွေက တည်ထောင်ထားတဲ့ မသန်စွမ်း အထူး သင်တန်းကျောင်း ၂၁ ကျောင်း ရှိပါတယ်။ အဲဒီကျောင်းတွေဟာ ရန်ကုန်၊ မ္တလေး၊ မြစ်ကြီးနား၊ ပြင်ဦးလွင်၊ ပခုက္ကူ၊ မိတ္ထီလာ၊ စစ်ကိုင်းနဲ့ မုံရွာတို့မှာ တည်ရှိတယ်လို့ လူမှုဝန်ထမ်းဦးစီးဌာနရဲ့ ဝက်ဘ်ဆိုက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

မသန်စွမ်းကလေးတွေကို အထူးကျောင်းတွေမှာ ပြုစုပျိုး ထောင် သင်ကြားပေးနေတာဟာ နှစ်ပေါင်းအတော်ကြာပေမယ့် တစ်နိုင်ငံလုံးမှာရှိတဲ့ မသန်စွမ်းသူတွေအတွက် မလုံလောက်ဘူး လို့ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနက òန်ကြား ရေးမှူး ဒေါက်တာကေသီကျော်က ထောက်ပြပါတယ်။

ဦးထာအုပ်ကတော့ မသန်စွမ်းကလေးတွေဟာ နေရာ တိုင်းမှာ ရှိတာကြောင့် သူတို့ကို သီးသန့်ခွဲထုတ်ပြီး အထူးကျောင်း တွေ ပို့တယ်ဆိုတာထက် မြို့နယ်တိုင်းမှာ အသင့်ရှိပြီးသားဖြစ်တဲ့ အစိုးရစာသင်ကျောင်းတွေမှာ မသန်စွမ်းကလေးတွေ လာနိုင် အောင် ပိုကြိုးစားသင့်တယ်လို့ မှတ်ချက်ပြုပါတယ်။

စာသင်ခန်းအတွင်း ဘီးတပ်ကုလားထိုင် အသုံးပြုရသည့် ကျောင်းသားတစ်ဦးကို တွေ့ရစဉ်                                                                                             Photo – Banyar Kyaw

မသန်စွမ်းသူတွေကို သီးသန့်ရွေးထုတ်လိုက်ပြီး အထူး ကျောင်းတွေမှာ ထားလိုက်ခြင်းကြောင့် မသန်စွမ်းသူတွေအနေနဲ့ လူ့အဖွဲ့အစည်းထဲမှာ အကျုံးဝင်မှု၊ တခြားလူတွေနဲ့ တစ်သား တည်း ဖြစ်ဖို့ဆိုတဲ့ အနေအထားကို ဟန့်တားသလိုဖြစ်သွားတယ် လို့ သူက ဆက်ပြောပါတယ်။

မသန်စွမ်းကလေးတွေဟာ အထူးကျောင်းတွေက ထွက် လာပြီး လ့ူအဖွဲ့အစည်းထဲရောက်တဲ့အခါ ဘယ်သူနဲ့မှ မဆက်ဆံ တတ်တော့သလို လူ့အဖွဲ့အစည်းကလည်း သူတို့ကို ဘယ်လို ဆက်ဆံရမှန်း မသိဘူးလို့ ဦးထာအုပ်က ထောက်ပြပြောဆို          ပါတယ်။

”မသန်စွမ်းကလေးတွေကို သီးသန့်ဆွဲထုတ်ပြီး စာသင် ပေးတယ်ဆိုတာ လူမှုရေးအရ သတ်တာပဲ” လို့ သူက ဆိုပါတယ်။

၂ဝ၁၇ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ နည်း ဥပဒေအရ မသန်စွမ်းမှုအမျိုးအစားကို လေးမျိုး ခွဲခြားထားပါ တယ်။ အမြင်အာရုံ ချို့ယွင်းအားနည်းသူ၊ အကြားအာရုံ ချို့ယွင်း အားနည်းသူ၊ ကိုယ်အင်္ဂါချို့ယွင်းအားနည်းသူ၊ ဉာဏ်ရည်ချို့ယွင်း အားနည်းသူတို့ ဖြစ်ပါတယ်။  

အဲဒီလေးမျိုးထဲမှာ စာသင်ကျောင်းခန်းထဲကိုရောက်ရှိတဲ့ မသန်စွမ်းအများစုဟာ ကိုယ်အင်္ဂါမသန်စွမ်းသူများနဲ့ အမြင် အာရုံ  မသန်စွမ်းသူများသာ ဖြစ်ပြီး အကြားအာရုံ မသန်စွမ်းသူ များနဲ့ ဉာဏ်ရည်မသန်စွမ်းသူ အများစုကတော့ စာသင်ခန်းထဲ ရောက်ဖို့ အလှမ်းဝေးနေဆဲဖြစ်တယ်လို့ ဒေါက်တာကေသီကျော် က ဆိုပါတယ်။

သူ့အဆိုအရတော့ သက်ဆိုင် ရာ အစိုးရကျောင်းတွေမှာ အကြား အာရုံမသန်စွမ်းတဲ့ ကလေးကို  လက် သင်္ကေတပြဘာသာစကားနဲ့ သင် ကြားပေးနိုင်မယ့် ကျောင်းဆရာ၊ ဆရာမတွေ လိုအပ်နေသလို ဉာဏ် ရည်မသန်စွမ်း ကလေးတွေကို သင် ကြားတဲ့အခြေခံသင်ကြားနည်းစနစ်တွေလည်း လိုအပ်နေတယ်လို့ ဆို ပါတယ်။

 

https://mawkun.com7373

#Banyar_Kyaw

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."