မန္တလေး – ၂၀၂၁ နိုဝင်ဘာ ၁၃ (မော်ကွန်း)
မန္တလေးမြို့မှာ ဒီကနေ့ညဦးပိုင်းက ရဟန်းသံဃာတော်တွေနဲ့ ပြည်သူတွေဟာ ယနေ့အချိန်ထိ တောင့်ခံနေဆဲ CDM တွေကို ဂုဏ်ပြုရင်း စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြပါတယ်။
မန္တလေးမြို့က ရဟန်းသံဃာတော်တွေနဲ့ ကျောင်းသားပြည်သူတွေဟာ “တော်လှန်ပုန်ကန် CDM စစ်အုပ်ချုပ်မှု ဒို့လက်မခံ”ဆိုတဲ့ကြွေးကြော်သံနဲ့အတူ မြို့တွင်း လမ်းမထက်မှာ ဆန္ဒပြခဲ့ကြပါတယ်။
ယနေ့အချိန်ထိ တောင့်ခံပေးထားသော CDMများကို လေးစားဂုဏ်ပြုကြောင်း၊ စစ်အုပ်ချုပ်မှုအောက်မှာ ရုံးမတက်တဲ့ CDMများအား လေးစားဂုဏ်ပြုသောကြောင့် ချိီတက်လာခဲ့ခြင်းဖြစ်ကြောင်း မန္တလေး အင်အားစု သပိတ်စစ်ကြောင်းက အသိပေးပါတယ်။
ဓါတ်ပုံ-Poison
#Dailynews

