မန္တလေး – ၂၀၂၁ နိုဝင်ဘာ ၁၁ (မော်ကွန်း)
မန္တလေးမြို့မှာ ဒီကနေ့ ညဦးပိုင်းက မီးတုတ်တွေနဲ့အတူ “သေနတ်တချက်ဖောက်ရင်မီးဟုန်းဟုန်းတောက်စေရမယ်”ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြပါတယ်။
ဒီကနေ့ ည ၇ : ၀၀ နာရီဝန်းကျင်က မန္တလေးမြို့မှာ စစ်ကောင်စီတပ်တွေအမြဲမပြတ် သွားလာနေတဲ့ ၄၁လမ်း လမ်းမကြီးပေါ်မှာ စိန်ပန်းသပိတ်စစ်ကြောင်းနဲ့အဖမ်းဆီးခံပြည်သူများသပိတ်စစ်ကြောင်းတို့ဟာ လူအင်အားအများအပြားနဲ့ ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြလူငယ်တွေဟာ မီးတုတ်တွေကိုင်ဆောင်ပြီး “သေနတ်တချက်ဖောက်ရင်မီးဟုန်းဟုန်းတောက်စေရမယ်။ လူထုကိုမထိနဲ့ မီးပွင့်သွားမယ်” စတဲ့ ကြွေးကြော်သံတွေနဲ့အတူ လှည့်လည်ခဲ့ကြပါတယ်။
ဓါတ်ပုံ- Spring Diary
#Dailynews

