မန္တလေး – ၂၀၂၂ ဇူလိုင် ၇ (မော်ကွန်း)
မန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ် ၂၈လမ်း ၊ ၇၇လမ်းနဲ့ ၇၈လမ်းကြားမှာရှိတဲ့ မီးရထားရိပ်သာရုံးမှာ ဒီကနေ့ နေ့လယ်ပိုင်းလောက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ အနီးအနားဒေသခံတွေကပြောပါတယ်။
မီးရထားရိပ်သာရုံးမှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်သား သုံးဦးအနီးမှာ ဗုံးပေါက်ကွဲခဲ့ပြီး သေနတ်ပစ်ခတ်သံ တွေကြားခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
မီးရထားရိပ်သာရုံးမှာစောင့်နေတဲ့စစ်ကောင်စီတပ်သားတွေကို လက်ပစ်ဗုံးတစ်လုံး၊ ကျည် ၆တောင့်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မန္တလေးအခြေစိုက် Generation Z Power အဖွဲ့ထံကသိရပါတယ်။
“ကျွန်တော်တို့ စောင့်ကြည့်နေတာ လဝက်ကျော်လောက် ရှိပါပြီ၊သူတို့ဘက်ကပြန်ပစ်ခတ်ဖို့အချိန်မရလိုက်တော့ သူတို့ဘက်က ပြန်တုန့်ပြန်ပစ်ခတ်တာတော့မရှိပါဘူး” လို့ Generation Z Power အဖွဲ့ဘက်က ဆိုပါတယ်။
မန္တလေးမြို့ ၊မီးရထား ရိပ်သာရုံးက စစ်ကောင်စီတပ်ဖွဲ့ လုံခြုံရေးအစောင့်တွေကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြိီး စစ်ကောင်စီဘက်က နှစ်ဦး ထိခိုက်မှုရှိနိုင်တယ်လို့ Generation Z Power က ဒီကနေ့ထုတ်ပြန်ထားပါတယ်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ကရဲအင်အားအများအပြားနဲ့ ပိတ်ဆို့စစ်ဆေးလုပ်ဆောင်မှုတွေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။
#Dailynews

