ရန်ကုန် – ၂၀၂၄ နိုဝင်ဘာ ၁၈ (မော်ကွန်း)
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ဘက်ခြမ်း ဧရာဝတီမြစ်ကမ်းဘေးက ကျေးရွာတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်တိုက်ခဲ့ပြီး ဒီနေ့ထိနှစ်ရက်ဆက် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ မတ္တရာဒေသခံတချို့က ပြောပါတယ်။
ဧရာဝတီမြစ်ကမ်းတစ်လျှောက်က ငယ်တိုး၊ သဖန်းဒေါက်နဲ့ စောက်ချုံပေါက်ကျေးရွာတွေကို မနေ့ကစပြီး တိုက်ပွဲတွေပြင်းထန်ခဲ့ကာ ဒီနေ့မနက်ပိုင်းထိ တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ မတ္တရာဒေသခံတစ်ဦးက ပြောပါတယ်။
ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီးတွေအပြင် ဧရာဝတီမြစ်ထဲက စစ်သင်္ဘောတွေနဲ့ပါ အသုံးပြုတိုက်ခိုက်နေပြီး ဒီအနီးတစ်ဝိုက်ကျေးရွာတွေက စစ်ဘေးရှောင် ထောင်နဲ့ချီထွက်ပြေးနေရတာပါ။
“အခု မတ္တရာစစ်ရှောင်အသစ်တွေထပ်တိုးသွားတယ်။ မန္တလေးဘက်တို့၊ နီးစပ်တဲ့ရွာဘက်တွေ ပြေးတာပေါ့။ ဒီမနက်ထိတော့ လက်နက်ကြီးတွေ တဂျိန်းဂျိန်းပစ်နေတုန်းပဲ။ မတ္တရာမြို့ထဲကနေ လှမ်းပစ်နေတာပဲ” လို့ ၎င်း မတ္တရာဒေသခံက ပြောပါတယ်။
ဒီတိုက်ပွဲဖြစ်နေတဲ့ ကျေးရွာတွေဟာ ဧရာဝတီမြစ်ကြောင်းကို ထိန်းချုပ်ဖို့ အရေးပါတဲ့ရွာတွေဖြစ်ပြီး စက်တင်ဘာလပိုင်းကပဲ ဒီကျေးရွာတွေရှိရာကို စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်ကာ တပ်စွဲအထိုင်ချထားတာလို့ ဒေသခံတချို့က ပြောပါတယ်။
ဒီနေ့မနက် ၆ နာရီခန့်စပြီး စစ်ကောင်စီတပ်ဟာ မတ္တရာမြို့ ဘောလုံးကွင်းထဲကနေ အတွဲလိုက်ပစ် ၁၂၀ မမ ဒုံးကျည်တွေနဲ့ မြို့အနောက်ဘက်ခြမ်းကို အဆက်မပြတ်ပစ်ခတ်နေတယ်လို့ မြေပြင် တော်လှန်ရေးသတင်းအချက်အလက်တွေ ဖော်ပြနေတဲ့ Wetlet information ကလည်း ထုတ်ပြန်ထားပါတယ်။
ဒီနှစ် ဇူလိုင်လပိုင်းကပြီး မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MDY-PDF) နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ မတ္တရာမြို့မြောက်ပိုင်းက စစ်ကောင်စီထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ထိုးစစ်ဆင်သိမ်းယူခဲ့ပြီး မတ္တရာအထက်ပိုင်းက မိုးကုတ်-စဉ့်ကူး လမ်းပိုင်းတစ်လျှောက်ကို နယ်မြေစိုးမိုးမှုရယူထားခဲ့တာပါ။
ပြီးခဲ့တဲ့လပိုင်းကစပြီး စစ်ကောင်စီတပ်ဟာ မတ္တရာမြို့အနောက်ခြမ်းနဲ့ MDY-PDF တပ်တွေ သိမ်းထားတဲ့ နေရာတွေကို မြေပြင်စစ်ကြောင်းထိုးတာ လေကြောင်းတိုက်ခိုက်တာတွေ မကြာခဏ လုပ်ဆောင်ခဲ့ပါတယ်။
တန်ပြန်ထိုးစစ်ဆင်နေသလို မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MDY-PDF) တပ်တွေကလည်း သိမ်းယူထားတဲ့ စခန်းတွေကို အပြည့်အဝထိန်းချုပ်ထားဆဲလို့ ပြီးခဲ့တဲ့လ ၁၃ ရက်က က ထုတ်ပြန်ထားပါတယ်။
ပုံစာ – မတ္တရာမြို့အဝင်
ဓာတ်ပုံ – Wetlet Information
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

