စည်သူ
ရန်ကုန် – ၂၀၂၀ သြဂုတ် ၂၃ (မော်ကွန်း)
ပြီးခဲ့တဲ့ လေးနှစ်ကျော်က မီးဘေးသင့်ခဲ့တဲ့ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ရှိတဲ့ မင်္ဂလာဈေး ပြန်လည် တည်ဆောက်မှု ၅၄ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်တယ်လို့ ကုမ္ပဏီဘက်ကတာဝန်ရှိသူက ပြောပါတယ်။
” ကိုဗစ်က ဘယ်လောက်ကြာမယ်ဆိုတာ မသိဘူး၊ ဒါကြောင့် ပြီးမယ့်အချိန်က ၂၀၂၁ ဇူလိုင်လ လယ်လောက်ကို ရွှေ့သွားပြီ။ နောက်ဆက်လုပ်ရမဲ့ အလုပ်တွေမှာလည်း ကျွန်တော်မျှော်မှန်းသလောက် အင်းနဲ့အားနဲ့ လုပ်လို့မရသေးဘူး၊ ကိုဗစ်သက်တမ်းက ရှည်လေ ဆောက်လုပ်တဲ့ အချိန်ကလဲ နောက်ဆုတ်သွားနိုင်တယ်”လို့ ဆန်းမြတ်ထွန်း ကုမ္ပဏီ ဥက္ကဌ ဒေါက်တာနေလင်းထွန်းက ပြောပါတယ်။
အဆိုပါဈေးကို ဆန်းမြတ်ထွန်းကုမ္ပဏီ က ပုဂ္ဂလိကနှင့် အကျိူးတူ ပူးပေါင်းဆောက်ရွက်ချင်း (PPP)စနစ်နဲ့ ၁၅ထပ်ဆောက်လုပ်သွားမှာဖြစ်ပါတယ်။
“ဒီဈေးကြီးကို ဆောက်လုပ်တဲ့ စနစ်က PPP စနစ်ဆိုတော့ ကျွန်တော်တို့ ဈေးကို ဆောက်ပြီးတဲ့ အချိန်မှာ နိုင်ငံတော်က ရမှာက မူလဈေးငါးထပ်ရမှာ ကျန်တဲ့ အပိုင်းတွေကျတော့ ဆောက်လုပ်တဲ့ ကုမ္ပဏီဘက်က ဆောက်လုပ်မှု အဖြစ် PPPစနစ်အရ ပိုင်ဆိုင်မှာဖြစ်တယ်”လို့ မင်္ဂလာတောင်ညွှန့် မဲဆန္ဒနယ် ၁ လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောပါတယ်။
မူလဆိုင်ခန်းပိုင်ရှင်တွေကို နိုင်ငံတော်က ငွေကြေးမကောက်ခံဘဲ ပြန်ပေးမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
ဆိုင်ခန်းပေါင်း လေးထောင်ကျော်ရှိတဲ့မင်္ဂလာဈေးဟာ ၂၀၁၀ တွင် တစ်ကြိမ် မီးလောင်ကျွမ်းခဲ့ပြီး ၂၀၁၆ ဇန်နဝါရီတွင် ဒုတိယအကြိမ် မီးလောင် ကျွမ်းခံခဲ့ရတာဖြစ်ပါတယ်။
ပုံစာ- အသစ်ပြန်လည်တည်ဆောက်မည့် မင်္ဂလာဈေး ပုံစံ
ဓာတ်ပုံ စည်သူ
#Dailynews