ဘုန်းတော်ကြီးသင်ကျောင်းတွေက ဆရာ၊ဆရာမတွေကို ထောက်ပံ့ကြေးတိုးမပေးနိုင်သေး

ကျော်ဇေယျ
ဖေဖော်ဝါရီ-၁၈

အစိုးရသတ်မှတ်ထားတဲ့အနည်းဆုံးအခကြေးငွေရဲ့ အစွန်းထွက်နှုန်းထားလောက်သာရှိတဲ့ထောက်ပံ့ကြေးနဲ့ ပညာသင်ပေး နေတဲ့ဘုန်းတော်ကြီးသင် စာသင်ကျောင်းတွေကဆရာ၊ဆရာမတွေကို ထောက်ပံ့ကြေးတိုးပေးဖို့ပြင်ဆင်ခဲ့ပေမယ့် ခွင့်ပြု ချက်မရတဲ့အတွက် လက်ရှိနှုန်းထားတွေအတိုင်းသာ ဆက်လက်ထောက်ပံ့ပေးနိုင်ဦးမယ်လို့ သာသာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးကြည်မင်းက ယနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်က လွှတ်တော်ကိုယ်စားလှယ်ဦးစိန်မြင့်က ဘုန်းတော်ကြီးသင်ပညာရေးကျောင်း တွေမှာ တာဝန်ထမ်းဆောင်နေတဲ့ အထက်တန်းပြ၊ အလယ်တန်းပြနှင့်မူလတန်းပြဆရာ၊ဆရာမတွေရဲ့ လစဉ်ထောက်ပံ့ ကြေးငွေကို တိုးပေးနိုင်မှုရှိ၊မရှိ မေးမြန်းမှုကို ဒုတိယဝန်ကြီးက တိုးမြှင့်ပေးဖို့ အခက်အခဲရှိကြောင်း ရှင်းလင်းခဲ့တာပါ။

လက်ရှိထောက်ပံ့ထောက်ပံ့ကြေးကတော့ မူလတန်း ၃၆,၀၀၀ ကျပ် ၊ မူလတန်းလွန်နှင့်အလယ်တန်း ၄၁,၀၀၀ ကျပ်နဲ့ အထက် တန်းသင်တစ်ဦး ၄၅,၀၀၀ ကျပ် နှုန်းတွေနဲ့ ထောက်ပံ့နေတာပါ။

ဦးကြည်မင်းက “ မူလတန်းသင်ဆရာ၊ဆရာမတစ်ဦးလျှင် ငွေကျပ် ၇၂,၀၀၀၊ မူလတန်းလွန်နှင့်အလယ်တန်းသင် ဆရာ၊ ဆရာမတစ်ဦးလျှင် ငွေကျပ် ၈၂,၀၀၀နဲ့ အထက်တန်းသင်ဆရာ၊ဆရာတစ်ဦးလျှင် ငွေကျပ် ၉၀,၀၀၀နှုန်းဖြင့် တိုးမြှင့် ထောက်ပံ့ပေးနိုင်ရန် ၂၀၁၇-၁၈ဘဏ္ဍာရေးနှစ်မှစ၍ လျာထားရေးဆွဲတင်ပြခဲ့သော်လည်း စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဌာနရဲ့ ဘတ်ဂျက်မူ ဘောင်သတ်မှတ်ချက်အရ ထပ်မံတိုးပေးနိုင်ခဲ့ခြင်းမရှိပါ၍ ယခုနှုန်းထားအတိုင်းသာ ဆက်လက် ထောက်ပံ့ခဲ့ရခြင်း ဖြစ်ပါ တယ်” လို့ လွှတ်တော်ကို ရှင်းပြပါတယ်။

၁၉၉၂ ခုနှစ်ကတည်းက ခွင့်ပြုသင်ကြားခွင့်ပေးထားတဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေက ဆရာ၊ဆရာမတွေ အတွက် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှသာ စတင်ထောက်ပံ့ပေးနိုင်ခဲ့တာဖြစ်ပြီး ရံပုံငွေ ကျပ်သန်း ၃,၀၀၀ ကို ကျောင်းသား ၄၀ဦးမှာ ဆရာတစ်ဦးနှုန်းနဲ့ တွက်ချက်ထောက်ပံ့နေတာဖြစ်ပါတယ်။

#mawkun #magazine #chronicle #dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."