ဘဏ်စနစ် အဆင့်မြှင့်တင်မှာဖြစ်လို့ အစိုးရရုံးပိတ်ရက်တွေမှာအွန်လိုင်းဘဏ်ဝန်ဆောင်မှုတွေ ရပ်နားထားမယ်လို့ KBZ ထုတ်ပြန်

ဘဏ်စနစ် အဆင့်မြှင့်တင်မှာဖြစ်လို့ အစိုးရရုံးပိတ်ရက်တွေမှာအွန်လိုင်းဘဏ်ဝန်ဆောင်မှုတွေ ရပ်နားထားမယ်လို့ KBZ ထုတ်ပြန်

ရန်ကုန်၊ ၂၀၂၃ ဧပြီ ၆ (မော်ကွန်း)

ကမ္ဘောဇဘဏ်ရဲ့ Core Banking စနစ် အဆင့်မြင့်မှုကို လုပ်ဆောင်မှာဖြစ်တဲ့အတွက် အစိုးရရုံးပိတ်ရက်တွေမှာ အွန်လိုင်းဘဏ်ဝန်ဆောင်မှုတွေကို ရပ်နားထားမယ်လို့ KBZ ဘဏ်က ထုတ်ပြန်ထားပါတယ်။

ဘဏ်စနစ် အဆင့်မြှင့်တင်ရေးလုပ်ငန်းကို လာမယ့် အစိုးရရုံးပိတ်ရက်တွေဖြစ်တဲ့ ဧပြီ ၇ ရက် သောကြာနေ့ ည ၁၁နာရီ ၄၅ မိနစ်ကနေ ဧပြီ ၁၂ ရက် ဗုဒ္ဓဟူးနေ့ နံနက် ၁၁ နာရီအထိ ဆောင်ရွက်သွားမှာလို့ ထုတ်ပြန်ထားတာပါ။

အဲ့ဒီလို Core Banking စနစ် အဆင့်မြှင့်နေစဉ်ကာလအတွင်း KBZ ဘဏ်ရဲ့ အွန်လိုင်းဝန်ဆောင်မှုတွေဖြစ်တဲ့ i-Banking စနစ်၊ mBanking စနစ် ၊ Debit နဲ့ Credit Card ဝန်ဆောင်မှုတွေအပြင် အချို့သော ATM စက်တွေနဲ့ KBZPay ဝန်ဆောင်မှုတွေကို အသုံးပြုလို့ ရမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

KBZ ဘဏ်ရဲ့ ထုတ်ပြန်ချက်အရ KPay ဝန်ဆောင်မှုတွေရဲ့ ငွေပေးချေတာ၊ ငွေလွှဲတာ၊ ဖုန်းငွေဖြည့်တာနဲ့ MPU ဒါမှမဟုတ် အခြားအကောင့်တွေကနေ Cash-in ပြုလုပ်တာတွေကိုတော့ ဆက်လက်အသုံးပြုနိုင်မယ်လို့ ပြောထားပါတယ်။

“Kpay အချင်းချင်းလွှဲတာတွေ၊ Scan နဲ့ ဈေးဝယ်တာတွေတော့ ရအုံးမယ်။ ဒါပေမယ့် အကန့်အသတ်တွေတော့ ရှိလာမှာပေါ့။ ဘဏ်အကောင့် သုံးမရတော့ ဘဏ်အကောင့်ကနေ ငွေအလွှဲတွေ၊ ငွေအဝင်တွေတော့ ရပ်သွားမှာ၊ ဒီအတိုင်း အကောင့်အချင်းချင်း လှမ်းလွှဲတာရတယ်။ ဆိုင်တွေကလည်း ထုတ်ပေးမလား၊ မထုတ်ပေးဘူးလားဆိုတာတော့ အကန့်အသတ်တွေတော့ ရှိလာမယ်” လို့ ငွေလွှဲဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်တစ်ဦးက ပြောပါတယ်။

ကမ္ဘောဇဘဏ်ဟာ လာမယ့် အစိုးရရုံးပိတ်ရက်ကာလတွေမှာလည်း ဘဏ်ခွဲအားလုံးကို ပိတ်ထားမယ်လို့ ကြေညာထားပါတယ်။


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."