ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းမှ အမှူဆောင်ဒါရိုက်တာ ဦးမြတ်ကိုကိုက ပညာရေးပြုပြင်ပြောင်းလဲမှုဟာ လူထု ပါဝင်မှု အခန်းကဏ္ဍလျော့နည်းနေတာ ကြောင့် စောင့်ကြည့်ရမယ့်အခြေအနေမှာ သာရှိနေပြီး လောလောဆယ်မှာတော့ သိ သာတဲ့ ပြုပြင်ပြောင်းလဲမှုကို မမြင်ရသေး ဘူးလို့ ဆိုပါတယ်။
”ပညာရေးကို ဘယ်လိုပြုပြင် ပြောင်းလဲမယ်၊ ဘယ်ဟာကစံတန်ဖိုးတွေ ဖြစ်တယ်ဆိုတာကို မြင်သာအောင် မူဝါဒ မှာ ချမပြထားဘူး။ မြင်သာမှုမရှိတဲ့အခါ ကျတော့ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်က နောက်ပြန်လန်ကျသွားရင်တောင် ပြည် သူက ဘာမျှ သိလိုက်ရမှာ မဟုတ်ဘူး”လို့ သူက ပြောပါတယ်။

ဒီမိုကရေစီစနစ်ကို ကျင့်သုံးဖို့ ကြိုး စားနေတဲ့ မြန်မာနိုင်ငံက စာသင်ကျောင်း တွေမှာတော့ ဗဟုဝါဒစံတန်ဖိုးဖြစ်တဲ့ အယူအဆအမျိုးမျိုး အတွေးအခေါ် အသွယ်သွယ်ရဲ့ ပြိုင်ဆိုင်မှုကို လက်ခံနိုင်ဖို့ လက်ရှိအချိန်အထိ အဆင်သင့်ဖြစ်မနေ ဘူးလို့ သူက ဆိုပါတယ်။
”ဗဟုဝါဒရဲ့ အခြေခံသဘော မရှိ လာတဲ့အခါကျတော့ ကွဲပြားမှုတွေရှိတဲ့ တိုင်းပြည်မှာ ပဋိပက္ခတွေ ဖြစ်နိုင်ခြေ အရမ်းများတယ်”လို့ ဦးမြတ်ကိုကိုက ပြောပါတယ်။
နောက်ပြီး သူရဲ့ လေ့လာတွေ့ရှိချက် အရ မြန်မာနိုင်ငံအတွင်းက ပြည်နယ် တွေနဲ့ ပြည်မကြားက ဆင်းရဲချမ်းသာ ကွာဟမှုကလည်း လူမျိုးရေးသရုပ် လက္ခဏာပေါ် အခြေခံပြီး အုပ်ချုပ်သူ လူတန်းစားက သမိုင်းတစ်လျှောက် ရည် ရွယ်ချက်ရှိရှိ လက်ဝါးကြီးအုပ်ထားမှု ကြောင့်သာ ဖြစ်နေရတယ်လို့ ဆိုပါတယ်။
လူမျိုးအချင်းချင်းအကြားမှာ လူမျိုးရေးသိစိတ်ကို စတင်ဖြစ်ပေါ်စေတာ ကတော့ မကျေနပ်ချက်၊ နာကြည်းချက် တွေ ဖြစ်ပြီး ဒါတွေဟာ တန်းတူအခွင့် အရေး မရရှိမှု၊ နိုင်ငံရေးနဲ့ နိုင်ငံသား အခွင့်အရေးတန်းတူမဖြစ်ဘဲ ဖယ်ထုတ် ခံရမှုတွေအပေါ် အခြေခံတယ်လို့ ဦးမြတ်ကိုကိုက ရှင်းပြပါတယ်။
မုခ်ဦးပညာရေးမှ ဒါရိုက်တာ ဦးအောင်မြတ်စိုးကလည်း သင်ရိုးòန်း တမ်းတွေဟာ အမြင်စုံစုံလင်လင်နဲ့ တရား မျှတဖို့လိုတယ်လို့ ဆိုပါတယ်။
မုခ်ဦးပညာရေးဟာ ၂ဝ၁၃ မှာ စတင်တည်ထောင်ခဲ့ပြီး ပညာရေးမှတစ် ဆင့် လူမှုတရားမျှတမှုကို မြှင့်တင်ပေးဖို့ ဆောင်ရွက်နေတာဖြစ်ပါတယ်။
မုခ်ဦးပညာရေးက ထုတ်ဝေတဲ့ ကျောင်းသားလက်စွဲ မြန်မာ့သမိုင်း စာအုပ်မှာဆိုရင် ယနေ့ခေတ်အထိ မြန်မာ့ သမိုင်းကို မှတ်တမ်းအခြေပြု လေ့လာနိုင် အောင်ပြုစုထားပြီး အထောက်အထား တွေကို ခွဲခြမ်းစိတ်ဖြာခြင်း၊ ဘက်လိုက်မှု ကို ခွဲခြားဖော်ထုတ်ခြင်းနဲ့ အမြင်ရှု ထောင့်အမျိုးမျိုးကနေ နှိုင်းယှဉ်ခြင်းတွေ ကို မိတ်ဆက်ပေးထားပါတယ်။
အဲဒီထဲမှာ ပင်လုံသဘောတူညီ ချက်၊ အခြေခံဥပဒေ၊ အမျိုးသားရေးဝါဒနဲ့ တိုင်းရင်းသားတွေရဲ့ သဘောထားကွဲလွဲမှု အကြောင်းရင်းတွေကိုပါ လေ့လာဆန်း စစ်နိုင်အောင် ထည့်သွင်းပြုစုထားပါ တယ်။ ဒီလက်စွဲစာအုပ်ဟာ အစိုးရသင်ရိုး òန်းတမ်းထဲမှာ မပါသေးဘဲ လူငယ်စွမ်း ရည်မြှင့်သင်တန်းတွေ၊ ပုဂ္ဂလိကကျောင်း တွေ၊ ဆရာဖြစ်သင်တန်းတွေမှာ ကိုး ကားဖို့ သုံးတယ်လို့ ဆိုပါတယ်။
မုခ်ဦးပညာရေးအနေနဲ့လည်း ဆရာစွမ်းရည်မြှင့်သင်တန်းတွေ၊ သင် ရိုးòန်းတမ်း အလုပ်ရုံဆွေးနွေးပွဲတွေကို မြန်မာပြည်အနှံ့က တက္ကသိုလ်တွေ၊ ဒီဂရီ ကောလိပ်တွေမှာ ပညာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်လျက် ရှိတယ်လို့ ဦးအောင်မြတ်စိုးက ရှင်းပြပါတယ်။
ဖက်ဒရယ်ပြည်ထောင်စုကိုသွားဖို့ဆိုရင် သင်ကြားပြသပေးမယ့် ဆရာတွေရဲ့ ကျွမ်းကျင်မှုက အင်မတန်အရေးကြီး တယ်လို့ သူကဆိုပါတယ်။
အတိတ်ကာလ တစ်လျှောက်လုံး မှာ စေတနာနဲ့ ကြိုးစားအားထုတ်မှုမရှိဘဲ တာဝန်ကျေရုံသာသွားခဲ့တဲ့ လူ့အဖွဲ့ အစည်းဟာ ပျက်လုနီးပါးဖြစ်လာခဲ့ပြီး”ဖက်ဒရယ်ပြည်ထောင်စုတောင်နား မလည်တဲ့ ဆရာတစ်ယောက်က ပြည် ထောင်စုသားသမီးတွေ ဘယ်လိုလုပ် မွေး ထုတ်မလဲဆိုတဲ့ ပြဿနာတွေ အများကြီး ရှိလာတယ်”လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံဟာ ရေမြေတော တောင်နဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံရှိ တဲ့ အတွက် တစ်ဦးကိုတစ်ဦး အပြန်အလှန် လေး စားတတ်အောင်၊ မတူညီတဲ့ ယဉ် ကျေးမှုတွေ၊ ဓလေ့စရိုက်တွေ၊ သဘာဝ အလှတွေကို စုံလင်နားလည်အောင် သင် ကြားပေးနိုင်မယ်ဆိုရင် ”ပြည်ထောင်စု က သိပ်လှမယ်”လို့ သူက မှတ်ချက်ပြုပါတယ်။
ဒါ့အပြင် ဖက်ဒရယ်ပြည်ထောင်စု ကို သွားမယ်ဆိုပါက ပညာရေးမှာ ”ဗဟို ချုပ်ကိုင်မှုကို မလျှော့ချဘဲ ပါးစပ်က ပြောနေရုံနဲ့ ဘယ်တော့မှ မရနိုင်ဘူး”လို့ သူက ပြောပါတယ်။
‘မြန်မာနိုင်ငံပညာရေးတွင် ဗဟိုချုပ် ကိုင်မှုလျှော့ချရေး ပဏာမ အကဲဖြတ် ချက်’ စာတမ်းဖော်ပြချက်အရ ဗဟိုချုပ် ကိုင်မှုလျှော့ချခြင်းဖြစ်တဲ့ အာဏာ၊ တာ ဝန်နဲ့ဆုံးဖြတ်ချက် ချမှတ်ခြင်းတို့ကို အောက်အဆင့်တွေဆီသို့ ခွဲဝေလျှော့ချ ပေးမှုပုံသ္ဌာန်တစ်ရပ်အဖြစ် ၁၉၈ဝ ကျော်နှစ်တွေကစလို့ က္ဘာမှာ လူအများ နားလည် နှစ်သက်သဘောကျလာခဲ့ကြ ပါတယ်။
ဗဟိုချုပ်ကိုင်မှုလျှော့ချရေးကြောင့် လူမျိုးရေးပဋိပက္ခကို လျှော့ချပေးနိုင်တဲ့ အလားအလာရှိပါတယ်။ ပညာရေးကဏ္ဍမှာ ဆိုရင် မူဝါဒဖွံ့ဖြိုးတိုးတက်မှု၊ သင်ရိုး òန်းတမ်းများအား တီထွင်ဆန်းသစ်မှု သို့မဟုတ် ပြန်လည်ပြင်ဆင်မှုနဲ့ ကျောင်း သား အကဲဖြတ်မှုတွေ ပါဝင်မှာဖြစ်တယ် လို့ စာတမ်းမှာ ဖော်ပြထားပါတယ်။
အငြိမ်းစားပါမောက္ခ ဒေါက်တာ သိန်းလွင်က ပညာရေးဟာ ငယ်စဉ်က တည်းက စိတ်ထဲ၊ နှလုံးသားထဲမှာ စွဲမြဲ အောင်စိုက်ပျိုးပေးတဲ့ မျိုးစေ့လေး ဖြစ် တဲ့အတွက် မိမိအပါအဝင် အားလုံးကို တန်းတူ လေးစားတဲ့စိတ်၊ ပူးပေါင်းဆောင် ရွက်တဲ့စိတ်၊ နေရာဒေသအသီးသီးက ထင်ရှားတဲ့ ဝိသေသတွေကို ရင်းနှီးတန်ဖိုး ထားတဲ့ စိတ် စတဲ့ ၂၁ ရာစုမှာ လိုအပ်တဲ့ အရည်အချင်းကို ပျိုးထောင်ပေးဖို့ မဖြစ် မနေ လိုအပ်နေပြီလို့ ဆိုပါတယ်။
”ကျွန်တော် ထင်တယ်၊ ဒါတွေ ပျက်ကွက်ခဲ့ရင် ငြိမ်းချမ်းရေးစာချုပ်မှာ နောက်ဆုံးပိတ် လက်မှတ်ထိုးပြီးရင် တောင် ပြဿနာပြန်မဖြစ်လာနိုင်ဘူးလို့ ပြောလို့မရဘူး” လို့ သူက မှတ်ချက်ပြု ပါတယ်။

