ဖားကန့် – ၂၀၂၄ ဩဂုတ် ၁၀ (မော်ကွန်း)
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ဖုန်းအင်တာနက်လိုင်း ပြတ်တောက်နေလို့ ဝိုင်ဖိုင်အင်တာနက်ရှိတဲ့ လက်ဖက်ရည်ဆိုင်တွေမှာ တစ်နာရီကို ကျပ်နှစ်သောင်းပေးသုံးနေကြရပါတယ်။
ကချင်ပြည်နယ်မှာ ဖုန်းလိုင်းအင်တာနက်လိုင်း ဆက်သွယ်ရေး ပြတ်တောက်နေတာ ရက်ပေါင်း နှစ်ဆယ်လောက်ရှိပြီလို့ ဖားကန့်ဒေသခံတစ်ဦးက ပြောပါတယ်။
ဖားကန့်မြို့က အချို့ဆိုင်တွေဆို ဝိုင်ဖိုင်တစ်နာရီ ကျပ်ငါးသောင်း၊ ခြောက်သောင်း ပေးသုံးရတဲ့ နေရာတွေတောင်ရှိတယ်လို့ သူကဆက်ပြောပါတယ်။
အရင်ကဆို ဝိုင်ဖိုင် ဖရီးသုံးလို့ရတဲ့ဆိုင်တွေတောင် အခုတော့ တစ်နာရီ နှစ်သောင်းဆိုပြီး တောင်းလာကြတယ်လို့ဆိုပါတယ်။
“ဖုန်းအင်တာနက်လိုင်းတွေပြတ်နေတော့
အထူးသဖြင့် အခြေခံလူတန်းစားတွေ အများဆုံး ဒုက္ခရောက်ကြတယ်။ သူတို့က တစ်နေ့လုပ်မှ တစ်နေ့စားတွေကျ ခါတိုင်းငွေမဝင်ရင် ဆွေမျိုးသားချင်းစီ ဖုန်းလေးဆက်ပြီး တောင်းလို့ရသေးတယ်။ အခုကျတော့ ဖုန်းလိုင်း အင်တာနက်လိုင်းမရတော့ ကျောက်အရောင်းအဝယ်ကလည်း ရပ်လုနီးပါးဖြစ်နေပြီလေ” လို့ ၎င်းဒေသခံကပြောပါတယ်။
ကျောက်စိမ်း တစ်မျိုးတည်းကို မှီခိုအားထားနေရတဲ့ ဖားကန့်မြို့နယ်သူ မြို့နယ်သားတွေဟာ ဖုန်းနဲ့ အင်တာနက်ကို အဓိက အားကိုးပြီး လုပ်စားကြရတာလို့ သိရပါတယ်။
ကျောက်ဝိုင်းတွေမှာ Live လွှင့်ပြီး အရောင်းအဝယ်လုပ်တဲ့သူတွေလည်း အင်တာနက်လိုင်းမရတော့ အကုန် ငုတ်တုတ်မေ့ကုန်ပြီလို့ Live လွှင့်ရောင်းတဲ့ ကျောက်ပွဲစားတစ်ဦးကလည်းပြောပါတယ်။
ကမ္ဘာကျော်ကျော်စိမ်းများထွက်ရှိရာ ဖားကန့်မြို့နယ် ပတ်ပတ်လည်ကို KIAနဲ့ ပူးပေါင်းအဖွဲ့တွေကစိုးမိုးထားပြီး မြို့ပေါ်မှာတော့ စစ်ကောင်စီတပ်နဲ့ ရဲက ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။
Photo – Naung Yoe
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

