ဖားကန့် – ၂၀၂၁ နိုဝင်ဘာ ၁၉ (မော်ကွန်း)
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာအနီးမှာ စစ်ကောင်စီရဲတပ်ကြပ်ကြီးတစ်ဦး မနေ့ညပိုင်းက ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေဆီကသိရပါ တယ်။
ဖားကန့်ကျောက်စိမ်းမှော်မှာ တပ်စွဲနေတဲ့ စစ်ကောင်စီရဲတပ်ရင်းက ရဲတပ်ကြပ်ကြီးတစ်ဦးလို့ ဒေသခံကပြောပါတယ်။
” မနေ့က ည ၁၀ နာရီလောက်ကအသတ်ခံရတာ။ရဲတပ်ရင်းက ရဲတပ်ကြပ်ကြီး လို့သိရတယ်။ ညထဲက အဲ့ကိစ္စဖြစ်ပြီးတော့ ရဲတွေခြေရှုပ်နေတယ်” လို့ ဖားကန့်ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီရဲတပ်ကြပ်ကြီး ပစ်သတ်ခံခဲ့တာနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာ ထုတ်ပြန်ထားတာမျိုး မရှိသေးပါဘူး။
ဖားကန့်နယ်မြေအတွင်းမှာ စစ်ကောင်စီလက်အောက်ခံရဲတပ်ရင်းနှစ်ခု တပ်စွဲထားတယ်လို့ ဒေသခံတွေကပြောပါတယ်။
#Dailynews

