၂ဝ၁၉၊ ဧပြီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၄)မှ Analysis ဖြစ်ပါသည်။
သန်းစိုးနိုင် ရေးသည်။
၂၀၁၈ နှစ်ကုန်ပိုင်းမှာ စတုတ္ထအကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေး ၂၁ ရာစု ပင်လုံညီ လာခံ ကျင်းပဖို့ ရည်ရွယ်ထားခဲ့ကြပေမယ့် တစ် နှစ်နီးပါး ကြာခဲ့တဲ့တိုင်အောင် မကျင်းပနိုင်ခဲ့ကြပါ ဘူး။ NCA လုပ်ငန်းစဉ်ထဲမှာ ပါတဲ့ အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ မကျင်းပနိုင်ခဲ့တဲ့ အတွက်လည်း ညီလာခံမှာ တင်ပြဆွေးနွေးစရာ ဘာအကြောင်းအချက်မှ မရှိခဲ့ပါဘူး။ နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မျှော်မှန်းခဲ့သလို ၂၀၁၉ အတွင်း ဖက်ဒရယ်ပြည် ထောင်စုဆိုင်ရာ အခြေခံ အကြောင်းအချက်တွေ လည်း ချမှတ်နိုင်ခြင်း မရှိခဲ့ပါဘူး။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံအစည်း အဝေး သုံးကြိမ်တိုင် ကျင်းပပြီးခဲ့ပေမယ့် ပြည် နယ်များ၏ ကိုယ်ပိုင် ဖွဲ့စည်းပုံ ရေးဆွဲခွင့်၊ ခွဲ မထွက်ရေး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကိစ္စရပ်များကို အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက် ကိုင်များ ဆက်လက်ညှိနှိုင်းရေးဟာ တစ်ဆို့နေဆဲ ဖြစ်ပါတယ်။ ဒီဆက်ထုံးကို ဖြေလျော့ပစ်နိုင်ဖို့ အဆုံးအဖြတ်ပေးနိုင်တဲ့ ခေါင်းဆောင်များရဲ့ ထိပ်သီး အစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့ကြပါတယ်။
ဒီထိပ်သီး အစည်းအဝေးမှာ အစိုးရ၊ တပ်မတော်နဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများမှ ခေါင်းဆောင်များအကြား ခွဲမထွက်ရေးနဲ့ စပ်လျဉ်းပြီး သဘောထားကွဲပြားမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီနေ့မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယ အစည်းအဝေးမှာ ခွဲမထွက်ရေးဆိုတာနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပြည်နယ်တွေရဲ့ ကိုယ်ပိုင်အခြေခံဥပဒေ ရေး ဆွဲရေး စတဲ့ ကိစ်္စရပ်တွေနဲ့ ပတ်သက်ပြီး သဘောတူညီချက်တွေ ရရှိပြီးမှ ချန်လှပ်ထားခဲ့ရတယ်။ ဒီနေရာမှာ ခွဲမထွက်ရေးက အရေးကြီးသလို ခွဲမထွက်ချင်တဲ့၊ ခွဲထွက်စရာမလိုတဲ့ ပြည်ထောင် စုကြီးကို ပူးပေါင်းအကောင်အထည်ဖော်ဖို့ကလည်း အင်မတန် အရေးကြီးပါတယ်”လို့ ထောက်ပြခဲ့ပါတယ်။ ဒါပေမဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ “ခွဲမထွက်ရ” ဟူသော တားမြစ်ချက် ထည့်သွင်းရန် လိုအပ် ကြောင်း၊ ထိုသို့ ထည့်သွင်းရခြင်းသည် ရေရှည်အတွက် အာမခံ ချက်ပြည့်ဝပြီး ယုံကြည်မှု ရရှိရန်၊ တစ်ဦးနှင့် တစ်ဦး သံသယကင်း စွာဖြင့် ထာဝရ အတူတကွ လက်တွဲလုပ်ဆောင်နိုင်ရန် ဖြစ် ကြောင်း ပြောကြားခဲ့ပါတယ်။
ဒီလို အနေအထားအောက်မှာ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး က လက်ရှိ နိုင်ငံရေး အခင်းအကျင်းအရ ရောက် ရှိနေတဲ့ NCA အကောင်အထည်ဖော်မှုလမ်းကြောင်းဟာ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များ မူလ ရည်မှန်းထားခဲ့တဲ့ အမျိုး သားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ၊ အာမခံချက် အပြည့်အ၀ ရှိပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်တွေကို အခြေခံတဲ့ ပြည်ထောင်စုစနစ်ဆီ ရောက်ရှိစေမယ့် လမ်းကြောင်း မှ သွေဖည်သွားပြီလို့ ကောက်ချက်ချခဲ့ပါတယ်။ ဒီကိစ္စကို ဓမ္မ ဓိဋ္ဌာန်ကျကျ သုံးသပ်ပြီး ပြန်လည်တည့်မတ်ဖို့ အထူးလိုအပ်နေ ပါတယ်။ တကယ်လို့ လမ်းကြောင်းအပြောင်းအလဲ လုပ်ရန် လို အပ်လာမယ်ဆိုပါက NCA ပေးထားချက်များနဲ့ သွေဖည်ခြင်း မရှိစေဘဲ အားလုံးအကြားတွင် အကျေအလည် ညှိနှိုင်းဆွေးနွေး ရန် လိုအပ်လိမ့်မယ်လို့လည်း သူက ဆိုပါတယ်။
ဒီလို တည့်မတ်ရန် ရည်ရွယ်ချက်နဲ့ ၂၀၁၈ အောက်တိုဘာ ၁၁ ရက်က KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုးနဲ့ RCSS ဥက္ကဋ္ဌ ဗိုလ် ချုပ်ကြီး ယွက်စစ်တို့က ဆွေးနွေးရမယ့် အချက်သုံးချက် ပါဝင်တဲ့ စာတစ်စောင်ကို လက်မှတ်ရေးထိုးပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်တို့ထံ ပေးပို့ခဲ့ပါတယ်။ တစ်ချိန်တည်းမှာ KNU အဖွဲ့အနေနဲ့ တရားဝင်နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ပါဝင်မှု အပြီးရပ်ဆိုင်းထား သလို RCSS အဖွဲ့ကလည်း Joint Implementaion Coordination Meeting (JICM) ဆွေးနွေးပွဲတွေမှာ ပါဝင်မှု ကို ရပ်ဆိုင်းလိုက်ပါတယ်။ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် က NCA လက်မှတ်ရေးထိုးထားတာ သုံးနှစ်ကျော် လေးနှစ်နီးပါး အချိန်ကာလတစ်ခုကို ဖြတ်သန်းခဲ့ပြီ ဖြစ်ပေမယ့် လောက် လောက်လားလား ရလဒ်မျိုး မရရှိသေးကြောင်း သုံးသပ်ပြောဆို ခဲ့ပါတယ်။ ထို့အပြင် ရှေ့လုပ်ငန်းစဉ် ဆောင်ရွက်ရာမှာ ဦးစွာအား ဖြင့် ယုံကြည်မှု တည်ဆောက်ရေး အရေးကြီးကြောင်း Peace Process Steering Team (PPst) နဲ့ NCA လက်မှတ်ရေး ထိုးထားတဲ့ အဖွဲ့တွေကြားတင်သာမက ဆွေးနွေးဘက် ဖြစ်ကြတဲ့ အစိုးရ၊ တပ်မတော်တို့နဲ့လည်း တစ်ဆင့်ချင်း ယုံကြည်မှု တည် ဆောက်သွားဖို့လည်း လိုပါကြောင်း ထောက်ပြသွားခဲ့ပါတယ်။ လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တစ်ဆို့နေတဲ့ ကိစ္စဟာ ခွဲ မထွက်ရနဲ့ တစ်ခုတည်းသော တပ်မတော် ကိစ္စနှစ်ရပ်သာ ဖြစ် တယ်။ အမှန်ဆိုရင် ခွဲမထွက်ရ ကိစ္စဟာ NCA ထဲမှာ ပါတာ မဟုတ်ဘဲ ၂၀၀၈ ဖွဲ့စည်းပုံထဲမှာ ပါဝင်တာ ဖြစ်တယ်။ တစ်ခု တည်းသော တပ်မတော်ကိစ္စကတော့ NCA ရဲ့ လုံခြုံရေးကဏ္ဍမှာ ပါဝင်တာ ဖြစ်လို့ တရားဝင်ဆွေးနွေးတာထက် အလွတ် သဘော ဆွေးနွေးရင် ပိုအဆင်ပြေတယ်လို့ ဆိုပါတယ်။
KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးကလည်း “လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တစ်ဆို့နေတဲ့ အနေအထားက နေ အပေါင်းလက္ခဏာဆောင်ပြီး ပိုမိုကောင်းမွန်တဲ့ အရွေ့တစ်ခု ကို ဖန်တီးနိုင်ဖို့ လိုအပ်တယ်လို့ KNU ရော RCSS အဖွဲ့တို့က ရှုမြင်ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့အကြား အကျေ အလည်ဆွေးနွေးနိုင်မယ့် အထူးအစည်းအဝေး (Extra Ordinary Meeting) တစ်ရပ် လိုအပ်နေလို့ PPST အစည်းအဝေး ကို ခေါ်ယူလိုက်တာ ဖြစ်တယ်” လို့ ဆိုပါတယ်။ NCA-EAOs ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အထူးအစည်းအဝေးကို မတ် ၅ ရက်က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ စတင် ကျင်းပခဲ့ပါတယ်။ ဒီအစည်းအဝေးကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များ ထိပ်သီးအစည်း အဝေးပြီးနောက် လေးလအကြာမှာ ကျင်းပနိုင်ခဲ့တာ ဖြစ်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ ငြိမ်းချမ်းရေး ဦး ဆောင်အဖွဲ့ (PPST) အထူးအစည်းအဝေး ပြီးဆုံးချိန်မှာ ကြေ ညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။ ဒီကြေညာချက်ထဲမှာ PPST စုဖွဲ့ မှုနဲ့ NCA စာချုပ် အခြေခံတဲ့ ငြိမ်းချမ်းရေးလုပ်ငန်း စဉ် အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ယခု နှစ် မေတွင် NCA-s/EAO ထိပ်သီးခေါင်းဆောင် အစည်း အဝေးတစ်ရပ် ကျင်းပမည် ဖြစ်ကြောင်း၊ KNU နဲ့ RCSS တို့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင် ကိုယ် စားလှယ်များ၊ ပြောင်းလဲမှုကို အစည်းအဝေးက လက်ခံကြောင်း KNU နဲ့ RCSS တို့ရဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ်နဲ့ တပ် မတော်ကာကွယ်ရေးဦးစီးချုပ်ထံ ပေးစာမှာ လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ NCA စာချုပ်ကို တည့်မတ်စွာ အကောင်အထည် ဖော်ရေးဆိုင်ရာ အဆိုပြုချက်များကို ဆွေးနွေးနိုင်ရန်အတွက် အလုပ်အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းလိုက်ကြောင်း၊ အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ၊ ဖက်ဒရယ် ပြည်ထောင်စု လမ်းပြမြေပုံ ချမှတ်နိုင်ရေး အတွက် NCA လက်မှတ်ရေးထိုးခြင်း မရှိသေးသော အဖွဲ့အစည်း များနဲ့ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း အပါ အဝင် အချက်ရှစ်ချက် ပါရှိခဲ့ပါတယ်။
အစိုးရ၊ တပ်မတော်နဲ့ NCA-s။EAO အဖွဲ့များကြားမှာ ခွဲ မထွက်ရေးမူနဲ့ ပတ်သက်ပြီး သဘောထားအမြင်အမျိုးမျိုး ကွဲ ပြားမှု ရှိနေကြသော်လည်း NCA စာချုပ်နဲ့ ၂၀၀၈ ဖွဲ့စည်းပုံတို့မှာ ခွဲမထွက်ရေး ပြဋ္ဌာန်းချက်က ရှိနေပြီး ဖြစ်ပါတယ်။NCA စာချုပ် အခန်း ၁ အခြေခံမူများ အပိုင်း ၁(က)မှာ “ပင်လုံစိတ်ဓာတ်နှင့် အညီ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့် အခွင့်အရေးများ၊ အာမခံချက်များ အပြည့်အဝရှိသော ဒီမို ကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနှင့်အညီ တည်ဆောက်သွားရန်” လို့ ပါရှိပါတယ်။ ခွဲမထွက်ရေးနဲ့ ပတ်သက်လို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၀ မှာ “နိုင်ငံတော်တွင် ပါဝင်သည့် တိုင်း ဒေသကြီးများ၊ ပြည်နယ်များ၊ ပြည်ထောင်စုနယ်မြေများ၊ ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများ စသည့် နိုင်ငံတော်၏ နယ်မြေအပိုင်း အခြား ဟူသမျှသည် နိုင်ငံတော်မှ မည်သည့်အခါမျှ ခွဲမထွက်ရ” ဟု ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။ အစိုးရအနေနဲ့ တိုင်းရင်းသား များ၏ အခွင့်အရေးနဲ့ ခွဲမထွက်နိုင်လောက်တဲ့ အာမခံချက်တွေ ပေးနိုင်ရင် ခွဲထွက်ဖို့ အကြောင်းမရှိလို့ KNU ဗဟိုကော်မတီဝင် တစ်ဦးကလည်း ပြောကြားခဲ့ပါတယ်။
အစိုးရ၊ တပ်မတော်နဲ့ NCA-s/EAO များရဲ့ သီးသန့် အစည်းအဝေးမှာ တစ်ခုတည်းသော တပ်မတော်ကိစ်္စကို တိုင်း ရင်းသားလက်နက်ကိုင်များဘက်မှ အပြည့်အ၀ လက်ခံပြီး ဖြစ် တယ်။ ဒါပေမဲ့ အဲဒီတပ်မတော်ကို ဘယ်လိုပုံစံမျိုး တပ်မတော် ဖြစ်စေရမယ်၊ ဘယ်လိုပုံစံမျိုး ဆက်လုပ်ရမယ်၊ တစ်ခုတည်းသော တပ်မတော်ရဲ့ ဖွဲ့စည်းပုံ၊ အလုပ်လုပ်ပုံတွေကိုတော့ ဆက်လက် ညှိ နှိုင်းဆွေးနွေးရမှာပဲလို့ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောကြားခဲ့ပါတယ်။ ဖက်ဒရယ်တည်ဆောက်ရေးအတွက် အရေးကြီးတဲ့ အခြေခံမူတွေ မဆွေးနွေးနိုင်ဘဲ ဖက်ဒရယ်မူနဲ့ မသက်ဆိုင်တဲ့ ပြည်ထောင်စုမှ ခွဲထွက်ခွင့်၊ မခွဲထွက်ခွင့်တွေ ငြင်း ခုံနေရင်း အချိန်ကုန်နေတယ်လို့ တိုင်းရင်းသားတွေက မြင်နေ ကြပါတယ်။ NLD အစိုးရလက်ထက် ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ သုံးကြိမ်အတွင်း သဘောတူညီချက် ငါးချက်ကို ပြည်ထောင်စုသဘောတူညီချက်အဖြစ် ရရှိခဲ့ပေမယ့် ဒီမိုကရေစီ နဲ့ ဖက်ဒရယ်အခြေခံမူများကို ဆွေးနွေးချမှတ်နိုင်ခြင်း မရှိတဲ့ အပေါ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက ဘဝင် မကျနိုင်ခဲ့ကြပေ။
KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက တော့ “မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဘယ်လို ရှေ့ဆက် သွားသင့်တယ်ဆိုတာကို အစိုးရ၊ တပ်မတော်၊ EAOs တွေနဲ့ ဆက်လက်ဆွေးနွေးသွားမယ်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ၂၀၂၀ မှာ ပြီးဆုံးဖို့ မဖြစ်နိုင်ဘဲ ရှေ့ ဘယ်လို ဆက်သွားသင့်တယ် ဆိုတာ ဆွေးနွေး ညှိနှိုင်းသွားရမယ်၊ EAOs တွေကြားမှာ တူညီ တဲ့ ဘုံရပ်တည်ချက်တွေ ရရှိအောင် ကြိုးစားသွားရမယ်၊ ဖယ် ဒရယ်ပြည်ထောင်စုကို ရေတို၊ ရေလတ်၊ ရေရှည် ဘယ်လို ချဉ်း ကပ်မလဲဆိုတာ ဆွေးနွေးညှိနှိုင်းရမယ်။ ဒီလိုချဉ်းကပ်မှု မတူလို့ လည်း လက်ရှိ NCA အရ ဖက်ဒရယ်ကို သွားမယ်ဆိုတဲ့ လမ်း ကြောင်းက တိမ်းစောင်းသွားရတာ ဖြစ်တယ်”လို့ သုံးသပ်သွား ပါတယ်။
ဘာပဲဖြစ်ဖြစ် လက်ရှိကာလမှာ တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့အစည်းတွေ တောင်းဆို တိုက်ပွဲဝင်နေတဲ့ အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ၊ အပြည့်အ၀ အာမခံချက် ပေးနိုင်မယ့် ဖက်ဒရယ်အိပ်မက်ကတော့ ပွဲပျက်နေပါပြီ။ ပြည် ထောင်စုငြိမ်းချမ်းရေး ၂၁ ရာစု ပင်လုံညီလာခံကြီး ပွဲမပျက် အောင် ဝိုင်းဝန်းကြိုးပမ်းကြဖို့ လိုနေပါပြီ။
Office :
မော်ကွန်းမဂ္ဂဇင်း
အမှတ်(၁၂၁)၊တတိယထပ်၊ အနော်ရထာလမ်းနှင့် ၄၉ လမ်းထောင့်၊
ပုဇွနေ်တာင်မြို့နယ် ရန်ကုန်မြို့။
ဖုန်း- ဝ၉၃၁၃၄ဝ၂၃၉ ၊ ဝ၉၇၉ ၁၆၆၃ဝ၆၅ ။
Website: http://www.mawkun.com
E-mail: mawkunmagazine@gmail.com