ဖေဖော်ဝါရီ ၆၊ ရန်ကုန်
ထက်မြတ်အောင်
ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ နေရာတွင် အစားထိုး ခန့်အပ်မည့် ဝန်ကြီးအသစ်အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီးစိုးထွဋ်ကို လျှာထားကြောင်း နိုင်ငံတော် သမ္မတက ယနေ့ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်း အဝေးသို့ ကိုယ်ရေးအကျဉ်းပေးပို့ခဲ့သည်။
ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်သည် စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ဖြစ်ပြီး ၁၉၆၀ ၊ မတ်လတွင် မွေးဖွားခဲ့ကာ အသက် (၆၀) ပြည့်ရန် နှစ်လသာလိုတော့သည်။
ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေသည်လည်း စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ခဲ့ပြီး ၎င်းအား ပြည်ထဲရေးဝန်ကြီးမှ မူလစစ်ဘက်တာဝန်များသို့ ပြန်လည်ထမ်းဆောင်ရန် နိုင်ငံတော်သမ္မတရုံးက ၂၀၂၀၊ ဖေဖော်ဝါရီ ၄ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။
ဓါတ်ပုံ – ပြည်ထောင်စုလွှတ်တော်
#dailynews