ပုံစာ- ပြင်ဦးလွင် စစ်အာဏာရှင်ဆန့်ကျင််ဆန္ဒဖော်ထုတ်သူများ
photo- Supplied
ရန်ကုန်- ၂၀၂၁ ဖေဖော်ဝါရီ ၁၀ (မော်ကွန်း)
ပြင်ဦးလွင်မြို့တွင် အာဏာရှင်စနစ်ဖျက်သိမ်းရေး လူထုဆန္ဒပြမှုများကို ဦးဆောင်သည့် လူ ၁၀ ဦးကို အတည်ပြု၍မရသည့်လူတစ်စုက ယနေ့ ညနေပိုင်းတွင် ဖမ်းဆီးသွားသည်ဟု ဆန္ဒပြပွဲများတွင် ဦးဆောင်သူအဖြစ် ပါဝင်သူတစ်ဦးက မော်ကွန်းကိုပြောသည်။
” ကားက အများကြီး လာဖမ်းတာပါ။ လူေတွက အကုန်လုံး အရပ်ဝတ်တွေနဲပါ။ လက်နက်ပါတယ်” ဟု အမည်မဖော်လိုသည့် ဖမ်းဆီးခံရသူများနှင့် နီးစပ်သူက ပြောသည်။
အာဏာရှင်စနစ်ဖျက်သိမ်းရေးကို ဦးဆောင်သူများကို ဖမ်းဆီးသည့်အတွက် ပြင်ဦးလွင်မြို့ခံများက ဖမ်းဆီးထားသူများပြန်လွှတ်ပေးရန် ရဲစခန်သို့သွားရောက်စုံစမ်းသော်လည်း “ရဲစခန်းဘက်က စစ်တပ်ထဲမှာရှိတာလိုလို မြို့နယ်ရုံးပေါင်းစုံမှာရှိတာလိုလို မပြတ်သားဘူးဖြစ်နေတယ်။ ရဲစခန်းမှာမရှိဘူးပြောတဲ့သဘောလိုဖြစ်နေတယ်” ဟု ဖမ်းထားသူများပြန်လွှတ်ရေး ညတွင်းချင်းတောင်းဆိုနေသည့် မြို့ခံတစ်ဦးက ပြောသည်။
၎င်းကိစ္စနှင့်ပတ်သက်ပြီး မော်ကွန်းက ပြင်ဦးလွင် မြို့မရဲစခန်းကို ဖုန်း သုံးကြိမ်ဆက်သွယ်ပြီး မေးရာ ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါ။
#Dailynews

