ရန်ကုန်- ၂၀၂၄ အောက်တိုဘာ ၂၅ (မော်ကွန်း)
ပဲခူးတိုင်း၊ ပဲခူးရိုးမပေါ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ခံတိုက်နေပေမယ့် ကျည်ဆန်မလုံလောက်လို့ ဆုတ်ပေးနေရတယ်လို့ ရိုးမထဲက တပ်ခွဲတစ်ခုရဲ့တာဝန်ခံက ဒီနေ့မော်ကွန်းကို ပြောပါတယ်။
ပဲခူးတိုင်းအနောက်ခြမ်း၊ အင်းမမြို့အခြေစိုက် စစ်ကောင်စီတပ်နဲ့ ဘော်ဘင်ရွာက ပျူစောထီးတွေပါဝင်တဲ့စစ်ကြောင်းဟာ မနေ့ကတည်းက ရိုးမပေါ်ကို စစ်ကြောင်းထိုးလာတာဖြစ်ပြီး အဲဒီစစ်ကြောင်းကို တားဆီးနေတာလို့ သူကဆိုပါတယ်။
ဘော်ဘင်ဆည်၊ တမံ(၁)နားမှာရှိတဲ့ ပရဟိတကျောင်းအပါအဝင် ရွာငါးရွာလောက်ကို အဲဒီစစ်ကြောင်းက စီးနင်းထားပြီး ဒေသခံတွေလည်း ဘေးလွတ်ရာ တောတွင်းကို တိမ်းရှောင်ထွက်ပြေးနေရတယ်လို့ သူက ပြောပါတယ်။
“ ကြို့ပင်ကောက်မြို့နယ်၊ သင်ခရိုင်ပရဟိတကျောင်းကို တိုက်ရိုက်သူတို့စီးနင်းတာ ရှိတယ်။ အောက်ခြေရွာတွေက ရုံးချောင်းအုပ်စု၊ သခွပ်ပင်ရွာကိုလည်း ဝင်စီးတယ်။ ဒီမနက်ကတည်းက တောက်လျှောက်လိုက်ပစ်နေရတာ။ အခုက ပစ်လို့လည်းမနိုင်တော့ဘူး။ မဟာမိတ်တွေလည်း လာကူပေးတယ်။ ဒါပေမဲ့ ခဲယမ်းမလုံလောက်တော့ အကုန်ပေးလိုက်ရပြီပေါ့။ ငါးရွာကျော်လောက် ပေးလိုက်ရပြီ” လို့ ဒီနေ့ နေ့လယ်ပိုင်းမှာ ပြောပါတယ်။
အဲဒီဒေသမှာ အခြေစိုက်ပြီး စစ်ကောင်စီကို တော်လှန်နေတဲ့ တပ်ဖွဲ့တွေကို လက်နက်တပ်ဆင်ရာမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနဟာ လစ်ဟာ အားလျော့မှုတွေ အများအပြားရှိနေတယ်လို့ ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။
NUG လက်အောက်ခံ တပ်ရင်းငါးရင်း အခြေစိုက်လှုပ်ရှားနေတဲ့ ပဲခူးရိုးမတကျောမှာ တောတွင်းဧရိယာတွေကို တော်လှန်ရေးအဖွဲ့တွေဘက်က ထိန်းချုပ်ထားပြီး စစ်ကောင်စီဘက်ကတော့ တစ်ခါတစ်ရံ တောတိုးကာ ရွာမီးရှို့တဲ့ စစ်ဆင်ရေးတွေကို လုပ်လေ့ရှိပါတယ်။
ပုံစာ- ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်အခြေစိုက် တပ်ရင်း-၃၈၀၁၊ တပ်ခွဲ့(၂)က တပ်ဖွဲ့ဝင်တချို့
ဓါတ်ပုံ- Phoenix DF
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

