ပေါက် – ၂၀၂၂ အောက်တိုဘာ ၁၃ (မော်ကွန်း)
မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းက သီးချောက်ကျေးရွာနဲ့ ကျောက်ကန်ကျေးရွာနေအိမ်တွေကို အာဏာသိမ်းစစ်တပ်ဟာ မနေ့ည ၉:၀၀ ကစတင်မီးရှို့ခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။
ပင်တောင်ကျေးရွာဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းဟာ သီးချောက်ကျေးရွာကိုစတင်မီးရှို့ခဲ့တာလို့ဒေသခံတစ်ဦးကပြောပါတယ်။
” မနေ့ည ၉:၀၀ နာရီလောက်ကစရှို့တာပဲ၊ဒီနေ့မနက်ထိသူတို့ ရွာထဲမှာရှိသေးတယ်၊ မီးကတော့ညကတည်းကလောင်နေတာ၊ အဝေးကရွာတွေကိုတောင်မီးရောင်ဟပ်တယ်၊ဒီနေ့မနက်ထိ မီးခိုးတွေအူနေတုန်းပဲ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
သီးချောက်ကျေးရွာအတွင်းက ဒေသခံရွာသားတွေ ရွာလုံးကျွတ်ထွက်ပြေးနေရတာကြောင့် မီးလောင်အိမ်ခြေအတိအကျကိုမသိရှိရသေးဘဲ ရွာရဲ့ သုံးပုံနှစ်ပုံမီးလောင်တယ်လို့သိထားရကြောင်း ဒေသခံတစ်ဦးကပြောပါတယ်။
အာဏာသိမ်းစစ်တပ်၊ စစ်သားတွေဟာ သီးခြောက်ကျေးရွာနဲ့တစ်မိုင်ကျော်ဝေးတဲ့ကျောက်ကန်ကျေးရွာအတွင်းက စျေးဆိုင်တွေကိုလည်းမီးရှို့ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
#Dailynews

