ရန်ကုန် – ၂၀၂၄ နိုဝင်ဘာ ၁၈ (မော်ကွန်း)
ဒီနေ့မနက်ပိုင်းက ရန်ကုန်တိုင်း၊ တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက်က မြန်မာ့ဂုဏ်ရောင်အိမ်ရာဝင်းထဲမှာရှိတဲ့ မြို့ဦးပရိယတ္တိစာသင်တိုက်မှာ ပါဆယ်ဗုံးပေါက်ကွဲတာကြောင့် ကျောင်းထိုင်ဆရာတော်တစ်ပါး ပျံလွန်တော်မူသွားတယ်လို့ ရပ်ကွက်နေ ဒေသခံတချို့ဆီက သိရပါတယ်။
ဘုန်းတော်ကြီးကျောင်းကို ပြင်ပကနေပေးပို့လိုက်တဲ့ ပါဆယ်ထုပ်တစ်ထုပ်ကနေ အခုလိုပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် သက်တော် ၅၇ နှစ်၊ ဝါတော် ၃၇ နှစ်ရှိတဲ့ ကျောင်းထိုင်ဆရာတော် အရှင်ဉာဏဝံသဟာ သူသီတင်းသုံးနေထိုင်ရာ အိပ်ခန်းထဲမှာပဲ ပျံလွန်တော်မူသွားတယ်လို့ ဒီဖြစ်စဉ်ကိုသိတဲ့ မေတ္တာညွန့်ရပ်ကွက် ဒေသခံတချို့က ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်စဉ်ဖြစ်ပြီးနောက် စစ်ကောင်စီတပ်က စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ဝင် (စရဖ)နဲ့ ၊ ရဲတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာကာ ကျောင်းတိုက်ထဲမှာ စုံစမ်းစစ်ဆေးရေးတွေ လုပ်ဆောင်ခဲ့တယ်လို့ မေတ္တာညွန့်ရပ်ကွက်မှာ နေထိုင်သူတစ်ဦးကပြောပါတယ်။
“အိပ်ခန်းပေါ့ ကုတင်နားလေးမှာပဲ ပါဆယ်ထုပ်ကိုဖွင့်ရင်း ပေါက်ကွဲတယ်လို့ ပြောတယ်။ စရဖတွေရော၊ ရဲတွေရော မနက်ထဲက အဲဒီကျောင်းဝင်းထဲရောက်နေတာ” လို့ ၎င်းကပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ လက်ရှိအချိန်ထိ ဘယ်အဖွဲ့အစည်းကမှ ထုတ်ပြန်ချက်တစ်စုံတစ်ရာ ထုတ်ပြန်ထားတာတော့ မတွေ့ရှိရသေးပါဘူး။
ပုံစာ – ပျံလွန်တော်မူသွားတဲ့ ကျောင်းထိုင်ဆရာတော် ဦးဉာဏဝံသ
ဓာတ်ပုံ – ပေးပို့
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

