ရန်ကုန်- ၂၀၂၀၂ ဩဂုတ် ၁၄ ( မော်ကွန်း)
စည်သူ
ဧရာ၀တီတိုင်းဒေသကြီး၊ ပန်းတနော်မြို့က သမဝါယမဘဏ် (CB)ကနေ ငွေကျပ်သိန်း ၁၂၀ ဓါးပြတိုက်သွားတဲ့သူကို မမိသေးဘူးလို့ ပန်းတနော်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်စံက ပြောပါတယ်။
သြဂုတ်လ ၇ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ သေနတ်ပြ ခြိမ်းခြောက် ဓါးပြတိုက်တဲ့ ဒီအမှုကို စုံစမ်းစစ်ဆေး နေဆဲလို့ ရဲမှူးက ပြောပါတယ်။
ဘဏ်ရဲ့ CCTV မှတ်တမ်းတွေအရ အခင်းဖြစ်တဲ့နေ့ မနက်ပိုင်းမှာ မိုးကာ အကျီအဖြူ ခေါင်းစွပ်လျက် လက်အိတ်အမည်းနဲ့ mask တပ်ထားတဲ့ အမျိုးသားတစ်ဦးက ဘဏ်အတွင်းကို ဝင်ရောက်လာပြီး သေနတ်နဲ့ ခြိမ်းခြောက်ကာ ငွေတွေကို လုခဲ့တာပါ။
ဓါးပြတိုက်ခဲ့သူကို မှတ်တမ်းဗီဒီယိုတွေမှာ နောက်ဆုံးတွေ့ခဲ့ရတာက ဝါးခယ်မမြို့နယ်ဘက်ကို သွားတဲ့ လမ်းဆုံမှာ ဖြစ်တယ်လို့ ပန်းတနော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)က လွှတ်တော်ကိုယ် စားလှယ် ဦးသန့်ဇင်ထွန်းက ပြောပါတယ်။
“CCTV ကတော့ သူသွားတဲ့ လမ်းတလျောက်မှာ ဆန်စက်တို့ လက်ဖက်ရည်ဆိုင်ကနေ ရိုက်ထားတဲ့အရတော့ ဝါးခယ်မလမ်းဆုံအကျော် ဆီဆိုင်လောက်မှာ အစပျောက်သွားတယ် ဒါပေမဲ့ ဒါကတော့ အတည်ပြုဖို့တော့ ခက်တယ်ဗျာ ဒီလူက နှစ်ယောက် ပဲ ပုံစံလိုလို ဖန်းတီးပြီး ခွဲထွက်သွားတာမျိုးဖြစ်နေတယ်“ လို့ သူက ဆိုပါတယ်။
ယခုအမှုဟာ သမဝါယမဘဏ် (CB) ကို ဓါးပြတိုက်မှု အဖြစ် ဒီနှစ်အတွင်းမှာ ဒုတိမမြောက် ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ဖေဖော်ဝါရီ ၇ ရက် ကလည်း ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်၊ ပင်လုံလမ်းမှာ ရှိတဲ့ CB ဘဏ်ကိုလက်နက်အသုံးပြုကာ ကျပ်ငွေ သိန်း ၆၀၀ ဓားပြတိုက်ခဲ့သေးပါတယ်။
#Dailynews