ပန်းချီ ပန်းတစ်ပွင့်

၂ဝ၁၈၊ ဒီဇင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆ဝ)မှ Satire ဖြစ်ပါသည်။

သင့်နော်ရေးသည်

(၁)

“ပန်းတိမ်၊ ပန်းပဲ၊ ပန်းတဉ်း၊ ပန်းပု၊ ပန်းပွတ်၊ ပန်းချီ၊ ပန်းယွန်း၊ ပန်းတော့၊ ပန်းတမော့နဲ့ ပန်းရန်” တဲ့။ မြန်မာတို့ရဲ့    “ဘုရားမတင် နတ်မဝင် လူတွင် ပန်း ဆယ်မျိုး” ပေါ့။

ဒီဆယ်မျိုးထဲမှာ လူအများစု သိတဲ့ နားလည် တဲ့ ရင်းနှီးတဲ့ ပန်းက ဘယ်နှမျိုးလောက် ရှိမှာပါလိမ့်။ ဟုတ်ကဲ့၊ ပန်းတိမ် သိတယ်။ ပန်းပဲ သိပါရဲ့။ ပန်းရန် သိတယ်၊ ပန်းချီ သိတာပေါ့။ ပန်းပု သိပါရဲ့။ ပန်းပွတ် မသိဘူး။ ပန်းတမော့ သိသလိုလို။ ပန်းတဉ်း မသိ ဘူး။ ပန်းယွန်း နည်းနည်းသိသလိုလို။ ပန်းတော့ ဝါးတားတားပဲ။

ကဲ၊ ဒီတော့ လူတစ်ရာမှာ ၉၉ ယောက် ကျိန်းသေသိတယ်ဆိုတာ ပန်းချီကလွဲလို့ ဘာများ ဖြစ်နိုင်ဦးမှာတုံး။ ဟုတ်ကဲ့၊ ပန်းချီကိုတော့ ကလေး ကအစ အလွယ်တကူ သိနိုင်ကြတယ်။ ရုပ်ပုံကား ချပ်တွေ၊ အရောင်စုံတွေ၊ ကြော်ငြာကြီးငယ်တွေ ဒီ ကနေ့ ကာလမှာ ရှောင်လို့မှ မလွတ်ဘဲကိုး။ လမ်း ဘေးက Billboard ကြီးငယ်တွေ၊ စာနယ်ဇင်း တွေအားလုံးဟာ ပန်းချီတွေနဲ့ချည်းပဲပေါ့။ အဝေးပြေးကားကြီး တွေရဲ့ ကိုယ်ထည်မှာတောင် ဧရာမ ရုပ်ပုံကြီးတွေ တွေ့နေရ တယ်လေ။

ပန်းချီရေးသူကို ပန်းချီဆရာလို့ ခေါ်ကြတယ်။ ပညာရှင် ပေါ့။ ပန်းရန်လုပ်တတ်သူကို ပန်းရန်ဆရာ။ ပန်းပုထုတတ်သူကို  ပန်းပုဆရာ။ ပန်းတိမ်လုပ်တတ်သူကို ပန်းတိမ်ဆရာ။ ပန်းပဲလုပ် တတ်သူကို ပန်းပဲဆရာ စသဖြင့် ပညာရပ်တစ်ခုခုက ကျွမ်းကျွမ်း ကျင်ကျင်တတ်မြောက်သူအဖြစ် ဆရာလို့ ဝိသေသဂုဏ်ထူးနဲ့ တွဲ ပြီး သတ်မှတ်ခေါ်ဝေါ်ခဲ့ကြတဲ့  အစဉ်အလာ အခိုင်အမာ ရှိထားပြီး သား။ အသက်ကြီးလာရင်၊ ပညာကြီးလာရင် ဆရာကြီးလို့တောင် ရာထူးတိုးပေးလိုက်သေးတယ်လေ။ ပန်းချီဆရာကြီး ဦးဘယ်သူ၊ ပန်းပုဆရာကြီး ဦးဘယ်ဝါ။

သို့သော် အဲဒီ ပညာရှင်တွေ၊ ဆရာကြီးတွေထဲကမှ အနု ပညာနဲ့ ယှဉ်တွဲခွင့်ကို ဘယ်သူတွေ ရကြသလဲ။ Artist လို့ ဘယ် ပညာရှင်ကို ကင်ပွန်းတပ်ခဲ့ကြသလဲ။ ပန်းဆယ်မျိုးထဲက ဘယ် ပန်းအမျိုးအစားကို ဆရာတစ်ဆူအဖြစ် ခံယူနိုင်သူဟာ Artist အနုပညာရှင်အနေနဲ့ ထပ်ဆင့် ကင်ပွန်းတပ်ခွင့် ရှိသလဲ။ ကိုယ့်ရဲ့ အမည်နာမရှေ့မှာ  Artist လို့ ထည့်နိုင်ခွင့်ဟာ ဘယ်ပန်းပညာ ရှင်တွေဆီမှာ ရောက်နေသလဲ။ ပန်းပဲဆရာကို Artist လို့ ပြော ကြပါသလား။ ပန်းတဉ်းဆရာကို ပန်းတဉ်းအနုပညာရှင်လို့ သုံး နှုန်းခေါ်ဝေါ်လေ့ ရှိပါသလား။ ပန်းရန်ဆရာကြီးရဲ့ အမည်ရှေ့မှာ Artist လို့ တပ်ဆင်ခေါ်ဝေါ်ကြပါသလား။

စစ်စစ်ပေါက်ပေါက် ကန့်သတ်ကြည့်မယ်ဆိုရင် ပန်းချီ ဆရာကိုသာ Artist လို့ ခေါ်ဝေါ်သုံးနှုန်းတဲ့ အလေ့အထကိုသာ တွေ့ကြရတယ်။ အနုပညာရှင်ရယ်လို့ လူတွေက ယူဆတယ်။ ပန်းပုလည်း အကျုံးဝင်တဲ့အခါ ဝင်တယ်။ “ပန်းချီအနုပညာ”လို့ တွဲပြီး အသုံးများတယ်။ ပန်းချီဆရာကို Artist လို့ ခေါ်တာက ရိုး ဟိုးဟိုးနေပြီပေါ့။ ဆယ်မျိုးသော ပန်းတွေဟာ အနုပညာမြောက် ကြပေတယ်ဆိုတာ ငြင်းစရာမရှိပေမယ့် ခေတ်ကာလရဲ့ ရေစီး ကြောင်းအရ အနုပညာရှင်အဖြစ် ထင်ပေါ်ခွင့်ရသူတွေဟာ ပန်းချီဆရာတွေလို့ ယေဘုယျ ပြောနိုင်တယ်။

 

(၂)

ပန်းချီလောကကို ဆဝါးနိုင်ဖို့ ဆိုတာကလည်း သိတော်မူ ကြတဲ့အတိုင်းပါပဲ။ လွယ်မယောင်နဲ့ ခက်၊ တိမ်မယောင်နဲ့ နက်။ အလင်းအမှောင်၊ အကွာအဝေး၊ အရိပ်အရောင်၊ ထုထည်၊ ရေပြင် ညီ၊ မျှတမှု အဲဒါတွေကို အင်္ဂလိပ်လိုပဲ ပြောကြတာဗျို့။ အမျိုး အစားတွေကလည်း များမှ များကိုး။ ဝါဒတွေကလည်း တစ်ပုံကြီး ကိုး။ အသုံးခံတွေကလည်း အများကြီးဗျား။ ခဲ၊ မင်၊ ရေ၊ ဆီ စသည်ဖြင့် ခုကာလမှာ ပိုများသေး။ စနစ်တွေကလည်း တစ်ပုံ တစ်ပင်။ ခဲတံနဲ့၊ မင်တံနဲ့၊ စုတ်တံနဲ့တင် မဟုတ်တော့ဘူးလေ။ လက်နက်ကိရိယာ အမျိုးမျိုးနဲ့ ပန်းချီကားအမျိုးမျိုးကို ဖန်တီး ထုတ်လုပ်နေကြတာ တစ်က်္ဘာလုံးပေါ့။

ဂလိုဘယ်လ်ခေတ်၊ အင်တာနေရှယ်နယ်ခေတ်မှာ ပညာ ရပ်တွေကလည်း ကူးစက်ပြန့်ပွားနှုန်း မြင့်လွန်းလှတာပေါ့။ ချက် ချင်းပဲ ဝုန်းဆို ကိုယ့်ရှေ့တည့်တည့် ရောက်လာတာလေ။ ဘာမဆို လာခဲ့ပဲ။ နည်းပညာ၊ အတတ်ပညာ၊ အနုပညာတွေ BOOM ဖြစ် နေကြတာ ပွက်ပွက်ညံနေလေရဲ့။

 

(၃)

လူထုဒေါ်အမာက “မြန်မာ့ခေတ်သစ်ပန်းချီ” နာမည်နဲ့ စာ တစ်အုပ် ထုတ်ခဲ့တယ်။ ၁၉၉၇ က ပထမအကြိမ် ထွက်ပြီးသား။  အခု ၂၀၁၈ မှာ ဒုတိယအကြိမ်။ စာကြည့်တိုက်ကက်တလောက် ၉၂၀။ မ်္တလေး ကြီးပွားရေးစာအုပ်တိုက်။ ၁၅၃ မျက်နှာ။ ၂၂ စင် တီ။ အုပ်ရေ ၁၀၀၀။ ကာဗာ တော်တီဆွေ။ တန်ဖိုး ကျပ်ငွေ ၄,၅၀၀။ ပါဝင်ဆောင်းပါး ခြောက်ပုဒ်။

မြန်မာ့ခေတ်သစ်ပန်းချီလို့ ခေါင်းစဉ်တပ်ထားပေမယ့်သူ တကယ်ချဉ်းကပ်ထားတာက ပန်းချီဆရာကြီးတွေရဲ့ ဘဝတစ် စိတ်တစ်ပိုင်း ရုပ်ပုံလွှာနဲ့ လွမ်းချင်းတွေပါပဲ။ ပန်းချီအကြောင်း ပြောရင်း ပန်းချီဆရာတွေအကြောင်း ပါသွားသလို ပန်းချီဆရာ တွေရဲ့ ဘဝကောက်ကြောင်းကို ရုပ်လုံးဖော်ရင်း ပန်းချီအကြောင်း တွေ ပါပါလာတာမျိုး ဖြစ်လို့ ဖတ်ရတာ ငြီးငြီးငွေ့ငွေ့  မဖြစ်လိုက် ပါဘူး။

ဒီစာအုပ်ထဲမှာ ဦးဘဇော်၊ ဦးခင်မောင်၊ ဦးဘသက်၊ ဦးစော မောင်၊ ဦးအောင်ခင်နဲ့ ပေါ်ဦးသက်တို့ကို ချဉ်းကပ်ထားတယ်။ လူ ပုဂ်္ဂိုလ်အရပါ နီးစပ်နေလေတော့ လူထုဒေါ်အမာဟာ ပန်းချီဆရာ တွေကို အသေအချာ စေ့ငုနိုင်တာ တွေ့ရတယ်။ ဦးဘဇော်က အင်္ဂလိပ်ခေတ်က။ ကျန်သူတွေကတော့ ဒီဘက် လွတ်လပ်ရေး ရပြီးတဲ့ ခေတ်ကပါ။ သတင်းသမားတစ်ယောက်အနေနဲ့ လူ ပုဂ်္ဂိုလ် ဏမသ်ငူန တွေ ရေးရတာ မခက်လှပေမယ့် အနုပညာဆိုင် ရာ အယူအဆတွေပါ ရောညပ်နေလေတော့ ဘာပဲပြောပြော ဒေါ်အမာဟာ အပြစ်လွတ်အောင် ရေးခဲ့တယ်။ အဲဒီမှာ သတင်း စာဆရာဆိုတာ ဘာမဆို ကကြီး ကနေ အ အထိ မသိနိုင်သော် ငြား ကကြီး ခခွေးလောက်တော့ သိမှဖြစ်မယ်ဆိုတာကို ကောင်း ကောင်း သဘောပေါက်ရပါတယ်။ ခု တင်ပြခဲ့တဲ့ ပန်းချီဆရာကြီး တွေဟာ သူ့ခေတ် သူ့အခါ သူ့ကာလတုန်းကတော့ ရှေ့ဆုံးတန်း မှာ နေရာရခဲ့ကြသူတွေပေါ့။ မြန်မာပန်းချီလောကကို တည် ဆောက်တဲ့အခါ ဥရောပပုံစံနဲ့ တည်ဆောက်ရာကနေ ခုနေခါမှာ မော်ဒန်ပန်းချီ(ခေတ်သစ်) ကို ဘယ်လို သဘောထားနေကြပြီလဲ။  ဘယ်အခြေစိုက်နေပြီလဲ။ ဒါမှမဟုတ် ဘယ်လို ဖြစ်ထွန်းနေပြီလဲ ဆိုတာကို ဆဝါးနိုင်ပါတယ်။

ပန်းချီကိစ်္စဟာ အနုပညာနဲ့ တိုက်ရိုက်ဆက်စပ်နေတယ်လို့ ယူဆရင် ပန်းချီဆရာတွေဟာ အနုပညာရှင် Artist တွေ ဖြစ် တယ်လို့ ရဲရဲကြီး ပြောနိုင်ပေမယ့် ကျန်ပန်းတွေအတွက် အားနာ စရာ ကောင်းနေမလားလို့ပါ။ ခုဆိုရင်တော့ မြန်မာတို့ရဲ့ ပန်းချီ အနုပညာအားသစ်တွေဟာ က်္ဘာအရပ်ရပ်ကို ပျံ့နှံ့သည်ထက် ပိုပြီး ပျံ့နှံ့နေပြီး နည်းပညာနဲ့ အတတ်ပညာတွေဟာ အနုပညာကို ကောင်းကောင်း အထောက်အပံ့ပေးနေလေတော့ ပန်းချီကိစ်္စ အ၀၀ကို သိချင် တတ်ချင် နားလည်ယဉ်ပါးချင်ရင် အခုလို အခါ အားလျော်စွာ ထွက်လာတဲ့ စာအုပ်တွေကို မျက်ခြည်မပြတ်စေနဲ့ ပေါ့ဗျာ။

 

အမျိုးအစား - စာအုပ်အညွှန်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."