ပခုက္ကူ – ၂၀၂၂ ဩဂုတ် ၈ (မော်ကွန်း)
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဆားကျင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ မနက်က မီးရှို့ခဲ့ပြီး ရွာသားတွေ ရွာလုံးကျွတ်ထွက်ပြေးနေရတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ဆားကျင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က မနေ့ ညနေ ၆း၀၀ နာရီဝန်းကျင်မှာ စတင်ပြီး စစ်သားနဲ့ ပျူစောထီး အင်အား ၇၀ ဝန်းကျင် ဝင်ရောက်တပ်စွဲခဲ့တာဖြစ်တယ်လို့ ဒေသခံကပြောပါတယ်။
“မီးရှို့ခံနေရတာတော့ဟုတ်တယ်၊ အကုန်လုံးလည်းပြေးနေရတာဆိုတော့ သတင်းလိုက်လို့မရသေးဘူး၊ အတိအကျဘာမှမသိရသေးပါဘူး ” လို့ ဒေသခံကပြောပါတယ်။
အာဏာသိမ်းစစ်တပ်က ရွာရဲ့ တောင်ဘက်ထိပ်နဲ့မြောက်ဘက်ထိပ် နှစ်ဘက်ညှပ်ပြီးမီးရှို့ခဲ့တာဖြစ်ပြီး ရွာသားတွေ အကုန်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သူကပြောပါတယ်။
ရွာသားတွေထွက်ပြေးနေရတာကြောင့် ဖြစ်စဥ်အတိအကျနဲ့ ပျက်စီးဆုံးရှုံးမှုအခြေနေတွေကိုမသိရသေးပါဘူး။
#Dailynews

