ရန်ကုန်-၂၀၂၄ ဧပြီ ၁၇ (မော်ကွန်း)
ဒီနေ့ကျရောက်တဲ့နှစ်ဆန်းတစ်ရက်နေ့မှာ နှစ်သစ်ကူးအထိမ်းအမှတ်အနေနဲ့ အာဏာသိမ်းစစ်ကောင်စီက နိုင်ငံအနှံ့ကအကျဉ်းထောင်၊ အချုပ်စခန်းအသီးသီးမှာ အကျဉ်းကျခံနေရတဲ့ အကျဉ်းသား သုံးထောင်ကျော်(၃,၃၀၃ဦး)ကို လွှတ်ပေးငမယ်လို့ ဒီနေ့မနက်ပိုင်းက ထုတ်ပြန်ပါတယ်။
ဒီနေ့ပြန်လွှတ်ပေးမယ့်သူတွေဟာ ဘာပုဒ်မတွေနဲ့ပြစ်ဒဏ်ကျခံနေရသူတွေဆိုတာ မသိရသေးသလို နိုင်ငံရေးအကျဉ်းသားဦးရေ ဘယ်လောက်ပါဝင်မယ်ဆိုတာလည်း မသိရသေးပါဘူး။
စစ်ကောင်စီဟာ အာဏာသိမ်းပြီးချိန်ကနေ အခုလ ၁၂ ရက်အထိ အရပ်သား ငါးထောင်နီးပါးကို သတ်ဖြတ်ထားသလို ၂၆,၅၂၄ဦး ကိုဖမ်းဆီးထားတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPPက ဆိုထားပါတယ်။
ဒီအတောအတွင်း စစ်ကောင်စီက အကျဉ်းထောင်အသီးသီးမှာ မတရားဖမ်းဆီးထားသူတွေကို လွတ်ငြိမ်းခွင့် ၁၄ ကြိမ်ကြေညာခဲ့ပြီး ဒီနေ့အပါအဝင်ဆို ၁၅ကြိမ်ရှိပါပြီ။
အကျဉ်းသား ကိုးသောင်းဝန်းကျင်ပြန်လွှတ်ခဲ့ပေမယ့် နိုင်ငံရေးအကျဉ်းသားကတော့ ရှစ်ထောင်ဝန်းကျင်ပဲ ပြန်လွတ်သေးတယ်လို့ စောင့်ကြည့်လေလာနေတဲ့ သုတေသနအဖွဲ့တွေကဆိုထားပါတယ်။
ပုံစာ-မနှစ်က နှစ်ဆန်းတစ်ရက်က အင်းစိန်ထောင်ရှေ့မြင်ကွင်း။
ဓာတ်ပုံ-မော်ကွန်း။