ဗညားကျော်
၂၀၂၀၊ မတ်-၁၇ (မော်ကွန်း)
COVID – 19 ရောဂါ ကြိုတင်ကာကွယ်သည့်အနေဖြင့် နွေကျောင်းပိတ်ရက်များတွင် ခရစ်ယာန်အသင်းတော် အများစု ပြုလုပ်လေ့ရှိသည့် ကလေးသူငယ်၊ လူငယ်များ နှင့် မိသားစုစခန်းသွင်း သင်တန်းများကို ယခုနှစ်တွင် မပြုလုပ်ကျ ရန် မြန်မာနုင်ငံခရစ်ယာန်အသင်းများကောင်စီက ယနေ့တွင် ထုတ်ပြန်လိုက်သည်။
ဒါ့အပြင် ထိမ်းမြားမင်္ဂလာဝတ်၊ အသုဘ၊ သာသနာ့ဆိုင်ရာအဆောက်အဦး ဆက်ကပ်ခြင်းစသည့် အခမ်းအနား များနှင့် သာသနာအဖွဲ့အစည်းများ၏သင်းလုံးကျွတ် အစည်းအဝေးများအပါအဝင် ဆက်ကပ်အစည်းအဝေးပွဲ များကို လူဦးရေကန့်သတ်ပြီး အချိန်လျော့ ကျင်းပရန် ထုန်ပြန်ထားသည်။
မနေ့က နေပြည်တော်တွင် မြန်မာနိုင်ငံတော်သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာနနှင့် ဘာသာရေးခေါင်း ဆောင်ကိုယ်စားလှယ်များတွေ့ဆုံခဲ့ပြီး COVID – 19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကာကွယ်ရေး ထိန်းချုပ်ရေးအစည်းအဝေးအပြီးမှာ အထက်ပါအတိုင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ယင်းအစည်းအဝေးတွင် ဝတ်ပြုကိုးကွယ်ခြင်းများကို တားမြစ်ကန့်သတ်ခြင်းမရှိသော်လည်း အသင်းတော်များ အနေဖြင့် ဝတ်ပြုကိုးကွယ်ခြင်းကျင်းပရာတွင် ကျန်းမာရေးအသိရှိရှိဖြင့်ကျင်းပရန်နှင့် ကျန်းမာရေးနှင့် အားက စားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်အတိုင်းဆောင်ရွက်ရန် ဆိုထားသည်။
COVID – 19 ကြိုတင်ကာကွယ်သည့်အနေဖြင့် ဆူးလေမြို့လယ်ရှိ ဧမာနွေလနှစ်ခြင်းအသင်းတော်သည် မနေ့က စပြီး ဧပြီလကုန်အထိ ဝတ်ပြုကိုးကွယ်ခြင်းများအားလုံးရပ်နားထားကြောင်း ထုတ်ပြန်ထားသည်။
#Dailynews