ရန်ကုန်-၂၀၂၂ ဇန်နဝါရီ ၆ (မော်ကွန်း)
ရန်ကုန်တိုင်း ဒေါပုံမြို့နယ် ဗန္ဓုလတံတားအဆင်းနားက အ.လ.က (၂) ကျောင်းအနီးမှာ ဒီနေ့ မနက် ၇:၀၀ ကျော်လောက်က စစ်ကောင်စီသတင်းပေးဟု အမည်ထွက်နေသည့် အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရတယ်လို့ ဒေါပုံမြို့နယ်မှာနေထိုင်သူတစ်ဦးက ပြောပါတယ်။
ပစ်သတ်ခံရသူဟာ စစ်ကောင်စီတပ်တွေကို သတင်းပေးတဲ့ ဒလန်လို့ ရပ်ကွက်အတွင်း ကျော်ကြားပြီး သေနတ်နဲ့ ခြောက်ချက်ခန့်ပစ်သတ်ခဲ့တာလို့လည်း ဆိုပါတယ်။
“ အသံတော်တော်ကျယ်တယ်။ ဖြစ်ဖြစ်ချင်း အနားမှာ ဘယ်သူမှ မရှိကြဘူး။ ကြာတော့မှ လူနာတင်ကားနဲ့ လာသယ်သွားတာ” လို့ ဒေသခံက ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပွါးပြီး မကြာခင်မှာပဲ စစ်ကောင်စီ တပ်တွေရောက်ရှိလာပြီး လမ်းပိတ်စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့လည်းဆိုပါတယ်။
လက်ရှိမှာတော့ ပစ်ခတ်မှုဖြစ်ပွါးရာနေရာရှိ လမ်းကို ပြန်လည်ဖွင့်ပေးလိုက်ပြီဖြစ်ပါတယ်။
မနေ့ည ၇:၀၀ ခန့်ကလည်း ဗမာ့နောက်ဆုံး တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့က ဒေါပုံမြို့နယ် ရဲစခန်းအတွင်းကို လက်ပစ်ဗုံးပစ်သွင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
#Dailynews

