ကလေး – ၂၀၂၂ ဧပြီ ၂၅ (မော်ကွန်း)
ကလေးမြို့ပင်မသပိတ်ဟာ ဒေသတော်လှန်ရေးတပ်ဖွဲ့ (Kalay PDF) ရဲ့ ဝန်းရံမှုနဲ့အတူ မြို့ရဲ့တစ်နေရာမှာ ဒီကနေ့ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
“သို့..တရုတ်အစိုးရ မြန်မာပြည်သူများဆန္ဒကိုအလေးထားပါ”
#China_Respect_Myanmar_People’s_Voices
“ဖက်ဆစ်ရာဇဝတ်ကောင်များအား ထောက်ခံခြင်းကိုရပ်တန်းကရပ်”
#Stop_Supporting_Fascist_Criminals
“ PDF တွေဘေးရန်ကင်းစေ ၊ CDM တွေကို ဖေးကူကြမလေ ” စတဲ့ စာတန်းတွေကို ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ကလေးမြို့ပင်မသပိတ်ဟာ ဒီကနေ့အထိ ပျက်ရက်မရှိဘဲ သပိတ်မှောက် ဆန္ဒပြနေတာ ရက်ပေါင်း(၄၄၂)ရက်ရှိပါပြီ။
ဓာတ်ပုံများ – CJ
#Dailynews

