Photo – SaiNyuntLwin Facebook
“လုပ်ငန်းလမ်းညွှန်အတိုင်းသွားမယ်ဆိုရင် ကြီးကြပ်မှုကော်မတီကို အစိုးရက အရင်ဆုံးအကြောင်းကြားရမယ်။ ကြီးကြပ်မှု ကော်မတီက ကြီးကြပ်ပြီးလုပ်မှာပဲ။ အစိုးရကတော့ပြင်ဆင်တာ ဖိတ်ကြားတာ လုပ်ရမှာပေါ့။ ရှမ်းပြည်နယ်မှာက အဲဒီလိုမဖြစ်ဘူး။ ဒီကြီးကြပ်မှုကော်မတီက ဒုတိယဥက္ကဋ္ဌတွေ၊ အတွင်းရေးမှူးတွေတောင် မသိလိုက်ဘူး။”
“ရှမ်းပြည်နယ်မှာ စစ်တိုင်းလေးတိုင်းရှိတယ်။ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အကြီးကြီးတွေ သုံး ၊ လေးဖွဲ့ရှိတယ်။နိုင်ငေံရးပါတီတွေလည်းအများကြးီရှိ တယ်။ လူမျိုးစုတွေလည်းအများကြီးရှိတယ်။ရှမ်းပြည်နယ်လိုနေရာမျိုးကြီးမှာ လေးရက်တည်းနဲ့ အပြီးလုပ်သွားတာက သိပ်မြန်လွန်းနေတယ်။”
“ပင်လုံညီလာခံက ၂၄ ရက်မှစမှာ ။ ကြားထဲမှာ နှစ်ပတ်လောက်ကျန်သေးတယ်။ အဲဒီလိုအချိန်ရနေသားနဲ့ ဘာကြောင့် လေးရက်နဲ့အပြီး လုပ်ချင်ရတာလဲ။ ကျွန်တော်သိသလောက်တော့ တပ်မတော်ဘက်ကလည်း အစာမကြေဘူး။ သူတို့လည်း မသိလိုက်ဘူးလေ။ လာလည်း မတက်ကြဘူး။ သူတို့ကို ဖိတ်ပုံလည်းမရဘူး။”
“ဒီဆွေးနွေးပွဲတွေကနေ ပြည်သူ့အသံတွေ ဘယ်လိုလုပ်ရပါ့မလဲ။ ထွေ/အုပ်ကနေ ဖုန်းဆက်လိုက်တယ်။ ခင်ဗျားတို့ လာခဲ့ပါဆိုတော့ လာသာလာတယ် ဘာကိစ္စမှန်းမသိကြဘူး။တချို့ပါတီတွေ တော်တော်ဒုက္ခရောက်တယ်။ ခင်ဗျားတို့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ သဘောထားပြောပါ။ စီးပွားရေးနဲ့ပတ်သက်တဲ့ သဘောထားပြောပါဆိုတော့ ဌာနချုပ်နဲ့ ညှိညှိနှိုင်းနှိုင်း မရှိတဲ့အခါ လွဲကုန်တယ်။ ကိစ္စ တစ်ခုကို ကိုယ့်သဘောနဲ့ ကိုယ်ပြောလို့ရတာမှာ မဟုတ်တာ။ အောက်ခြေက ပါတီဝင်တွေ ပြောခဲ့ပေမယ့် ပါတီရဲ့ပေါ်လစီနဲ့ ကိုက်ချင်မှ ကိုက်တာ။ပြန့်ကျဲသွားပြီးတော့ ဆီးသီးဗန်းမှောက်သလို ဖြစ်သွားတာ။”
“ရှမ်းပြည်နယ်မှာလုပ်သွားတဲ့ ဒေသအလိုက်ဆွေးနွေးပွဲကို ထွေ/အုပ်ကပဲ ခေါင်းဆောင်သွားတာ။ နောက်ပြီးတော့ တက္ကသိုလ်က ဆရာမတွေ၊ စာပေယဉ်ကျေးမှုအဖွဲ့တွေကလူတွေကို ခေါ်ပြီး ဆွေးနွေးသွားတာ။ နိုင်ငံရေးနဲ့ လုံးဝမပတ်သက်တဲ့သူတွေကို ဆွေးနွေးခိုင်းတော့ နိုင်ငံရေးနဲ့ ဆိုင်တဲ့ သဘောထားတွေက ဘယ်လိုပဲဖြစ်ဖြစ် အားနည်းချက်တွေရှိတယ်။”
၂၀၁၇-မေလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၆)မှ ပညာရှင် သုံးသပ်ချက် ဖြစ်ပါသည်။