ရန်ကုန်- ၂၀၂၃၊ ဩဂုတ် ၃၁ (မော်ကွန်း)
ကရင်နီပြည်နယ်၊ ဒီးမောဆိုအနောက်ခြမ်း ပဆေးလာရွာစျေးအနီးနဲ့ စစ်ရှောင်စခန်းတစ်ခုကို ဒီနေ့မနက်အစောပိုင်းမှာ စစ်ကောင်စီကလေကြောင်းက ငါးကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရှောင်ပြည်သူတွေကိုကူညီနေသူတွေကပြောပါတယ်။
“နံနက် ၄:၀၀ နာရီကျော်လောက်ကသုံးကြိမ်လောက်လာဝဲပြီးပစ်ချသွားတာ။ နှစ်လုံးကပေါက်ကွဲသွားပြီးတစ်လုံးကမပေါက်သွားဘူး။ ထိခိုက်မှုတော့မရှိဘူး။” လို့ စစ်ရှောင်အရေးကူညီပေးနေသူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီကြဲတဲ့ဗုံးတစ်လုံးဟာ စစ်ရှောင်ပြည်သူတွေအနီး ပေ ၃၀ လောက်ကိုကျခဲ့ပေမယ့် မပေါက်ကွဲခဲ့ဘူးလို့ သူကပြောပါတယ်။
စစ်ကောင်စီဟာယခုလ ၂၅ ရက်ကလည်း ဒီးမောဆိုအနောက်ခြမ်းရွာတွေကို လေကြောင်းကတိုက်ခိုက်ခဲ့ပြီး စာသင်ကျောင်းနဲ့နေအိမ်တစ်ချို့ပျက်စီးခဲ့ပါတယ်။
ပုံစာ- စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအတွင်းမပေါက်ကွဲသေးသည့်ဗုံးတစ်လုံးအားမြင်တွေ့ရစဉ်။
Photo-KamLatt Kayah IDPs Assistance Network
#Dailynews

